Part 24

7K 583 163
                                    


Unicode

"ဟိုမှာ ကြည့်စမ်း သူ့ကိုမပိုင်ချင်ဘူးလား?"

ရင်းနှီးသောသူမက ဘောလုံးကစား
နေသော ကောင်လေးတစ်ယောက်ကို
လက်ညှိုးထိုးပြကာ မေးလာသည်။

"ပိုင်ချင်တယ်!"

"ပိုင်ချင်..!"

သူမ မေးတော့ လေးနှစ်အရွယ် သူ၏အကို
ကွန်နှင့် နင့်က တက်ကြွစွာ ဖြေသည်။
ကျတော်ကတော့ ရေးကို သေချာကြည့်
နေဆဲပင်....

"ဒါပေမဲ့ Dada ပြောတယ် ရေးကအရုပ်ဟုတ်ဘူးတဲ့ အပိုင်ယူရဘူး.!"

ကျတော် သူမပြောတာကို မခံနိုင်စွာ
ပြန်ပြောလိုက်တော့ သူမ ကျတော့်ဆီသို့
လာကာ လက်အားဆောင့်ဆွဲပြီး...

"ဒီမှာ ငါ့ကိုကြည့်စမ်း...နင့်အဖေအကြောင်း အသံထက်ထွက်ရင် အဲ့ကောင်‌ရော နင့်ကိုပါသတ်ပစ်မယ်!!ကြားလား!"

ထိုသူမက ကျတော့်အား ရိုက်ရင်းပင်
ပြောနေသောကြောင့် ၃ နှစ်အရွယ် ဏိင်း၏
မျက်နှာလေးမှာ မဲ့ကျ‌လာသည်။

"ကြားလားလို့ပြောနေတယ်လေ!!အဲ့ကောင်က နင့်အရုပ်!!နင်ကြိုက်သလို လုပ်လို့ရတဲ့အရုပ်ပဲ ကြားလား!!"

"အင့်...ဟင့်.."

"မေးနေတယ်လေ!!"

ပြောရင်းပင် ဘေးမှ အကုန်ရိုက်ခွဲနေသော
သူမကြောင့် ဏိင်းအတော်လန့်ရပါသည်။

"ဖြေစမ်း!!!"

"ရေး...က...အင့်..အရုပ်..ဟုတ်ဘူး အီးးဟီးးး"

ဏိင်း ထိုသို့သာပြောနေသဖြင့် ထိုသူမမှာ
စိတ်မရှည်စွာပင် ဏိင်းအား ဆိုးရွားသော
အရာတစ်ခု ပြုလုပ်လိုက်သည်။

"Hey...My Nephews"

ရှေးဟောင်း ကုတင်ကြီး တစ်ခုပေါ်တွင်
၃ နှစ်အရွယ် ကလေးသုံးယောက်အား
ချုပ်ကာ ထားလိုက်သည်။

ဘေးတွင် ဆရာဝင်မှာ အပ်သုံးခုကို
ပြင်ဆင်ကာ ဏိင်းတို့အား ကြည့်နေသည်။

ရွှေအင်ကြင်းနှင့် လူသုံးယောက်လောက်မှာ
ဏိင်းတို့သုံးယောက်အား ချုပ်ထားသဖြင့်
ရုန်း၍လဲမရ...။

"Mirtazapine 3 လုံးထိုး."

ရွှေအင်ကြင်း ထိုသို့ပြောလိုက်သည်နှင့်
အပ်ကိုင်ထားသော လူကြီးမှာ ပြုံးရင်းပင်
ဏိင်း၏ အကြောအတွင်းသို့ စိုက်ချလိုက်သည်။

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Where stories live. Discover now