"hyung...တွေ့ချင်တယ်လို့ clone လေးကို"
"မင်းလည်းနော် ရူးတာ ရူးတာ ၂ပတ်လောက်ဖြင့်ကြာနေပြီကို မင်းထက်ရာ"
"အမယ် သူတို့လည်းတွေ့ချင်တာပဲ ဟုတ်တယ်မို့လား unnieတို့ chinn guuတို့"
အဖော်စပ်တဲ့အနေနဲ့ ထိုင်နေတဲ့ မိန်းကလေးတွေဘက်လည့်ပြီး မေးလိုက်သည်။
"clone လေးကိုလား ထပ်တော့တွေ့ချင်သား သူကစားတာလေးလည်း ကြည့်ချင်လို့"
အမတယောက်ကလှမ်းထောက်ခံ၏။
"မနိုင်ဘူးဟေ့ တွေ့အောင်သာ ဆုထိုင်တောင်းနေကြ"
အကုန်လုံး ရယ်ကြမောကြရင်း basketball နောက်ဆုံးတပွဲဆော့ပြီး အကြော့လျော့ကာ ဆိုင်ရာဆိုင်ရာပြန်ကြသည်။
club activity လုပ်ဖို့ကို ၄ရက်ထဲသတ်မှတ်ထားပေမယ့် နေ့တိုင်းလိုလို ကျွန်တော်တို့ကစားဖြစ်ကြသည်။
ညနေ ၄နာရီခွဲလောက်ဆို ကွင်းထဲမှာလူစုံသလောက်ဖြစ်နေပြီ junior တွေကို adminတွေကသင်ပေးကြ အဖွဲ့ခွဲပြီးကစားကြ တခါတလေ အလောင်းအစားနဲ့ဆော့ကြပြီးရင် ရုံးတဲ့သူတွေက ကွင်းပတ်ပြေးကြ ဒိုက်ထိုးကြ။
ဒါကတော့ နေ့တိုင်းနီးပါး ကျွန်တော်တို့ Uni Basketball Club လေး လည်ပတ်နေပုံပါပဲ။
~~~~~~~~~~~~~~~ . ~~~~~~~~~~~~~~~
လွန်ခဲ့သော (၂) ပတ်ခန့်
Mdy(မန္တလေး)ကို ဒီနေ့ ကျွန်တော်တို့ကျောင်းမှ basketballအဖွဲ့ light truck ကားနဲ့ဆင်းလာကြသည်။
ဒီနေ့ဘုံကျောင်းမှာ basketball ပြိုင်ပွဲရှိသည်.။ အဖွဲ့သတ်မှတ်ချက်မရှိသဖြင့် ကိုယ့်ဘာသာသူငယ်ချင်းများဖြင့် ဖွဲ့ထားသည့်အဖွဲ့များလည်းရသလို ကျွန်တော်တို့လို ကျောင်းမှအဖွဲ့များလည်း ဝင်ပြိုင်၍ရသည်။
ယခုပြိုင်ရမည်က 3 on 3 ပွဲဖြစ်သဖြင့် ကစားမယ့်လူက ၅ယောက်သာ စာရင်းပေးထားသည်။
clubမှ ကျန်ယောက်ျားလေးများ မိန်းကလေးများကလည်း အားပေးဖို့လိုက်လာကြသည်။
"hyung ဒီနေ့တနေကုန်ကျောင်းမသွားတာလား"
"မဟုတ်ပါဘူး အတန်းကနေ့လည်တုန်းကမရှိလို့ ခုနကမှ အဆောင်ကနေလာတာလေ"
YOU ARE READING
fan boy's idol clone
Romanceidol နဲ့ဆင်လို့ သတိထားမိရာကနေ အချိန်ခနလေးအတွင်း သဘောကျမိသွားတာမျိုး... ဇူဇန် ရင်းနီးခါစတုန်းက ကိုယ့်စကားနားထောင်လို့ ရိုးရိုးလေးသဘောကျတယ် နောက်တော့ခံစားချက်တမျိုး ပြောင်းလာပြီးသဘောကျတယ်...