'You can call me monster. I'm creeping in your heart bae ဒွဲဂျီ့ဗ်ဂိုမူနောထုရီဂိုဆမ်ခယော......'
နားထဲကိုစူးခနဲဝင်လာတဲ့သီချင်းသံနဲ့အတူ အအေးဓာတ်ကိုပါတခါတည်းခံစားလိုက်ရတာမို့ ခန္ဓာကိုယ်ပေါ်ကစောင်ကိုစမ်းကြည့်မိတဲ့အခါ တစ်စွန်းတစ်စတောင်ရှိမနေ။ မဖွင့်ချင်ဖွင့်ချင်နဲ့မျက်လုံးကိုဖွင့်ကြည့်တော့ ဘေးနားကသကောင့်သားလေးက ရှိသမျှစောင်အကုန်ယူခြုံထားသည်။ တစ်စိတ်လောက် မင်းထက်တစ်ယောက်လွန်မနေဘူးလား။ ကိုရီးယားဂွမ်းစောင်အထူကြီးကို သူ့ကိုတစ်ထည် ကိုယ့်ကိုယ်ကိုတစ်ထည်ခြုံပြီးအိပ်တာ အခုကျသူပဲနှစ်ထည်လုံးခြုံထားသည်။ မြည်နေတဲ့ alarmကိုလည်းထမပိတ်ပဲ ဆက်အိပ်ပျော်နေတဲ့ ကောင်လေးကိုနှိုးပစ်လိုက်ချင်စိတ်ဖြင့် ခေါင်းအထိဖုံးထားတဲ့စောင်ကို ဆွဲလှန်ပစ်လိုက်သည်။
တစ်စက္ကန့်... နှစ်စက္ကန့်... သုံးစက္ကန့်... ကိုယ့်ကမ္ဘာကြီးတစ်ခနလောက် ရပ်တန့်သွားတယ်။ ကိုယ့်ရဲ့မြေပြန့်သားလေးက ကိုယ်ရှိတဲ့ဘက်ကိုစောင်းကာ အိပ်နေပုံလေးက အင်မတန်ကြည်လင်လှသည်။ ကိုယ့်ဟာလေးရဲ့ ဝါညက်ညက်အသားအရေကိုအရမ်းပဲ သဘောကျရသည်။ သူတစ်ခါပြောဖူးတယ် ရေနဲ့ထိတာကြာရင် အေးနေရင် သူ့အသားအရေလေးတွေက ပိုဝါလာတတ်တယ်တဲ့။ ကိုယ်လုံးဝလက်ခံလိုက်ပြီ။ မကိုင်ကြည့်ပဲနဲ့တောင် နူးညံ့အိစက်နေမယ်လို့ထင်ရတဲ့ ပါးလေးနှစ်ဖက်၊ မထူမပါးမရဲတရဲနှုတ်ခမ်းလေး၊ အင်း ကိုယ်ညကကိုက်မိလို့ ထောင့်နားမှာပေါက်နေတာလေးကအဆစ်၊ နှာတံတလျောက်စင်းစင်းလေးလာပြီး အဆုံးမှာလုံးသွားတဲ့ နှာခေါင်းထိပ်လေး၊ ပြီးတော့ ညကကိုယ်သတ်မှတ်ပေးထားတဲ့ လည်ပင်းနဲ့ sexy boneတဝိုက်က နီညိုညိုအရာလေးတွေ။ သခွားစေ့ပုံလည်ပင်းနဲ့ ယုန်မွှေးအဖြူရောင်ခေါင်းစွပ်လေးကို ညကဝတ်ပေးထားတာမို့ တခြမ်းစောင်းအိပ်နေလို့ ပေါ်နေတဲ့ပုခုံးသားဝါဝါညက်ညက်။
တော်ပြီ တော်သင့်ပြီ ခုနကအေးနေတဲ့ခန္ဓာကိုယ်က ချက်ချင်းပူတက်လာပြီး ရေတောင်ငတ်လာပြီ။ မျက်နှာလွှဲမယ်လုပ်ပြီးမှ နေဦး နဖူးလေးတော့နမ်းလိုက်ဦးမယ်။
YOU ARE READING
fan boy's idol clone
Romanceidol နဲ့ဆင်လို့ သတိထားမိရာကနေ အချိန်ခနလေးအတွင်း သဘောကျမိသွားတာမျိုး... ဇူဇန် ရင်းနီးခါစတုန်းက ကိုယ့်စကားနားထောင်လို့ ရိုးရိုးလေးသဘောကျတယ် နောက်တော့ခံစားချက်တမျိုး ပြောင်းလာပြီးသဘောကျတယ်...