ဤအပိုင်းတွင် အသက်မပြည့်သေးသူများနှင့် မသင့်လျော်သော အခန်းကဏ္ဍများပါဝင်ပါကြောင်း ကြိုတင်သတိပေးအပ်ပါသည်။
"one short! one short! one short! hay....."
တိမ်ယံဝင်မပါလို့မရတော့၊ ဘယ့်နှယ့် မင်းထက် သောက်နေတာ တော်တော့်ကိုများနေပြီ။ သူသူဇင်ဇင်တို့ကလည်း မြှောက်ပေးနေသလား အောက်မေ့ရတယ်။
"မင်းထက် တော်တော့"
ပြောလည်းပြော မင်းထက်လက်ထဲကခွက်ကို တိမ်ယံကဆွဲယူလိုက်သည်။ ဒါကိုမင်းထက်ကအရေးပင်မလုပ်ပဲ စားပွဲပေါ်ကအခြားခွက်ကိုယူကာ တကျိုက်ထဲကောက်မော့လိုက်သည်။
ခုနထဲက limitကျော်တဲ့အထိသောက်နေပြီး အခုလည်း အဆီတခွက်ကိုတကျိုက်ထဲချလိုက်တာကြည့်ဦး။ ပြီးတော့ကိုယ့်ကိုလည်း အဖတ်မလုပ်တဲ့အချိုးချိုးလိုက်တာပဲ။
"တောက်! မင်းဇူဇန်ထက်!!!"
တောက်ခေါက်သံကျယ်ကျယ်ရယ် မင်းထက်နာမည်ကိုထအော်လိုက်တာရယ်မို့ မင်းထက်ကိုယ်လေးအနည်းငယ်တုန်တက်သွားသည်။
သူသူဇင်ဇင်တို့ရော တိမ်ယံ့ရဲ့ကောင်မလေးရောပါလန့်သွားကြသည်။
"ဟျောင့် ဘာထဖြစ်တာလဲ သောက်ပါစေကွာ မင်းကလည်း"
ပြေရာပြေကြောင်း ဇင်ဇင်လေးကဝင်ပြောပေမယ့် တိမ်ယံကဒေါသတကြီးနဲ့ မင်းထက်ကိုပဲ စူးစူးရဲရဲစိုက်ကြည့်နေဆဲ။ မင်းထက်ကလည်း အဲ့ဒါကိုဂရုမစိုက်ပဲ ရေဘဝဲကင်လေးမြည်းရင်း ဆိုဖာနောက်မှီကိုလှဲချလိုက်သည်။
တိမ်ယံကသူ့ရဲ့ mullet hairအဝါကို စိတ်ရှုပ်စွာဖြင့် တချက်ဆွဲခါလိုက်သည်။ ပါးစပ်ကလည်း စုတ်သပ်လိုက်သည်။ တိမ်ယံရဲ့စိတ်ရှုပ်လို့ လုပ်လိုက်တဲ့အပြုအမူက အနီးအနားရှိ လူအတော်များများအဖို့ ငေးချင်စရာအတော်ကိုကောင်းသွားသည်။
တဆက်ထဲမှာပဲ ဖန်ခွက်ကိုကိုင်လိုက်တဲ့ သွေးကြောစိမ်စိမ်းတွေအပြိုင်းပြိုင်းထနေတဲ့ နို့နှစ်ရောင်လက်တစုံ။ ထိုလက်ကောက်ဝတ်မှာပတ်ထားတဲ့ ခပ်မိုက်မိုက်အနက်ရောင် လက်ပတ်ကြိုးတွေ။ ဖန်ခွက်ကိုပါးစပ်နားတေ့လိုက်တဲ့အခါ ပန်းရောင်ဘက်အနည်းငယ်သန်းချင်တဲ့ မထူမပါးနှုတ်ခမ်းတစုံ။ ထိုမှတဆင့် ယမကာများစီးဆင်းသွားရာ လည်ချောင်းတလျှောက်က ယောကျ်ားပီသသလည်ဇလုတ်တခု။
YOU ARE READING
fan boy's idol clone
Romanceidol နဲ့ဆင်လို့ သတိထားမိရာကနေ အချိန်ခနလေးအတွင်း သဘောကျမိသွားတာမျိုး... ဇူဇန် ရင်းနီးခါစတုန်းက ကိုယ့်စကားနားထောင်လို့ ရိုးရိုးလေးသဘောကျတယ် နောက်တော့ခံစားချက်တမျိုး ပြောင်းလာပြီးသဘောကျတယ်...