အပိုင်း.(၈)

247 28 1
                                    

"ကျွန်​တော် ambulance ​ခေါ်ထားတယ် ကမ်း​ပေါ်ရောက်တာနဲ့ ကွက်တိ​လောက်ပဲ၊ အကိုငြိမ်းသူပါ အတူလိုက်သွားလိုက်​နော် ခန​​နေကျရင် အ​ဖေတို့လိုက်လာလိမ့်မယ်"

"အဲ့တာဆို အကိုလိုက်သွားလိုက်မယ်"

​ပြော​နေရင်းနဲ့ပဲ ​ရေနစ်​နေတဲ့က​လေးကို ဆယ်လာကြပြီး ​ရောက်နှင့်ပြီးဖြစ်တဲ့ ambulance ​ပေါ်တင်တာ​ခေါ်​ဆောင်သွားကြ​လေသည်။

ကားထွက်သွားသည်နှင့်တပြိုင်နက် ကျန်ခဲ့တဲ့ဧည့်သည်မိသားစုနဲ့ စကား​ပြောကာ လိုအပ်သည်များ​မေးမြန်းရသည်။

ဝန်ထမ်းများနဲ့အကုန်လွှဲပြုပြီးမှပဲ သက်ပြင်းချနိုင်​တော့သည်။ ထိုအခါမှ reception ကိုပြန်လာရင်း တချိန်လုံး Don't Fight The Feeling သီချင်းသံမြည်​နေတဲ့ တရားခံကို ​​ဘောင်းဘီအိတ်ထဲမှထုတ်ကာ ​ဂျိုကြည့်ကြည့်​ပေးလိုက်သည်။

ကြည့်​နေဆဲမှာပဲဝင်လာတဲ့ phone callကို ကိုင်လိုက်ကာ။
'ဘယ်လိုဖြစ်လို့အဲ့​လောက်​တောင်ဆက်တိုက်​ခေါ်​နေတာတုန်း အလုပ်ရှုပ်ကတဲ့ကြားထဲ'

'မင်းလုပ်တာကျကြည့်ဦး​လေ ငါနဲ့စကား​​​ပြောနေရင်းတန်းလန်းကို phoneချသွားတာ​လေ'

'ငါအလုပ်​ပေါ်လာလို့ဆိုပြီး​ ပြောသွားတယ်​လေကွာ'

'ငါ့ဆီက replyကိုမ​စောင့်ပဲ phoneချသွားတယ်​လေ'

ရစ်ပြီ ရစ်ပြီ တိမ်ယံတို့ရစ်ပြီ။ ရင်းနှီးလာတာနဲ့အမျှ အရာရာသူ့အကြိုက်ကြီးပဲ။

'ဟာ ဒီမှာက ၇နှစ်က​လေး​လေး​ရေနစ်​နေလို့ လာပါဦးဆိုတာကို ငါကမင်း replyကို​စောင့်ရဦးမှာလား ​ပြော'

'ကျစ်! ဘာပဲဖြစ်ဖြစ် ငါ့phoneကိုအဲ့လို ဗြက်ဆက်နဲ့မချနဲ့လို့ ​မပြောထားဘူးလား'

ကျွန်​တော်တို့၂​ယောက်စလုံး ​တစထက်တစ လေသံ​တွေမာလာကြပြီ။

'ဒီမယ် clone၊ မင်းငါ့ကိုမင်းရည်းစား​တွေလို လာမဆက်ဆံနဲ့ ​ဟျောင့်'

'အေး ငါ့ရည်းစားမဟုတ်လို့လဲ မင်းကိုငါမနိုင်ဖြစ်​နေတာ၊ ဘယ်လိုလဲ ငါ့ရည်းစားဖြစ်​အောင်လုပ်ပြီး မင်းအချိုး​တွေကိုပြင်​ပေးရမလား'

fan boy's idol cloneWhere stories live. Discover now