အပိုင်း.(၁)

4K 86 6
                                    

"hyung...​တွေ့ချင်တယ်လို့ clone ​လေးကို"

"မင်းလည်း​နော် ရူးတာ ရူးတာ ၂ပတ်​လောက်ဖြင့်ကြာ​နေပြီကို မင်းထက်ရာ"

"အမယ် သူတို့လည်း​တွေ့ချင်တာပဲ ဟုတ်တယ်မို့လား unnieတို့ chinn guuတို့"

အ​ဖော်စပ်တဲ့အ​နေနဲ့ ထိုင်​နေတဲ့ မိန်းက​လေး​တွေဘက်လည့်ပြီး​ မေးလိုက်သည်။

"clone ​လေးကိုလား ထပ်​တော့​တွေ့ချင်သား သူကစားတာ​လေးလည်း ကြည့်ချင်လို့"

အမတ​ယောက်ကလှမ်း​ထောက်ခံ၏။

"မနိုင်ဘူး​ဟေ့ ​တွေ့​အောင်သာ ဆုထိုင်​တောင်း​နေကြ"

အကုန်လုံး ရယ်ကြ​မောကြရင်း basketball ​နောက်ဆုံးတပွဲ​ဆော့ပြီး အ​ကြော့​လျော့ကာ ဆိုင်ရာဆိုင်ရာပြန်ကြသည်။

club activity လုပ်ဖို့ကို ၄ရက်ထဲသတ်မှတ်ထား​ပေမယ့် ​နေ့တိုင်းလိုလို ကျွန်​တော်တို့​ကစားဖြစ်ကြသည်။

ည​နေ ၄နာရီခွဲ​လောက်ဆို ကွင်းထဲမှာလူစုံသ​လောက်ဖြစ်​နေပြီ junior ​တွေကို admin​​တွေကသင်​ပေးကြ အဖွဲ့ခွဲပြီးကစားကြ တခါတ​လေ အ​လောင်းအစားနဲ့​ဆော့ကြပြီးရင် ရုံးတဲ့သူတွေက ကွင်းပတ်​ပြေးကြ ဒိုက်ထိုးကြ။

ဒါက​တော့ ​နေ့တိုင်းနီးပါး ကျွန်​တော်တို့ Uni Basketball Club​ လေး လည်ပတ်​နေပုံပါပဲ။

~~~~~~~~~~~~~~~ . ~~~~~~~~~~~~~~~

လွန်ခဲ့​သော (၂) ပတ်ခန့်

Mdy(မန္တ​​လေး)ကို ဒီ​နေ့ ကျွန်​တော်တို့​ကျောင်းမှ basketballအဖွဲ့ light truck ကားနဲ့ဆင်းလာကြသည်။

ဒီ​နေ့ဘုံ​ကျောင်းမှာ basketball ပြိုင်ပွဲရှိသည်.။ အဖွဲ့သတ်မှတ်ချက်မရှိသဖြင့် ကိုယ့်ဘာသာသူငယ်ချင်းများဖြင့်  ဖွဲ့ထားသည့်အဖွဲ့များလည်းရသလို ကျွန်​တော်တို့လို​ ကျောင်းမှအဖွဲ့များလည်း ဝင်ပြိုင်၍ရသည်။

ယခုပြိုင်ရမည်က 3 on 3 ပွဲဖြစ်သဖြင့် ကစားမယ့်လူက ၅​ယောက်သာ စာရင်း​ပေးထားသည်။

clubမှ ကျန်​ယောက်ျား​လေးများ မိန်းက​လေးများကလည်း အား​ပေးဖို့လိုက်လာကြသည်။

"hyung ဒီ​နေ့တ​နေကုန်​ကျောင်းမသွားတာလား"

"မဟုတ်ပါဘူး ​အတန်းက​နေ့လည်တုန်းကမရှိလို့ ခုနကမှ အ​ဆောင်ကနေလာတာ​လေ"

fan boy's idol cloneWhere stories live. Discover now