အပိုင်း.(၆)

208 22 5
                                    

"ကိုကို​ရေ မမချစ်စနိုးတို့​ရောက်​နေပြီ​နော်"

အခန်းတံ​ခါး​ခေါက်၍ ​အော်​ပြောသွား​သော ညီမ​လေးအသံ​ကြောင့် ကျွန်​တော်လည်း ဝတ်လတ်စလည်ကတုံးအင်္ကျီအားကြယ်သီး အမြန်တပ်၍ ထွက်လာခဲ့သည်။

အခန်းအပြင်​ရောက်​တော့ မ​နေ့ညကအိမ်မာပင် အိပ်ခိုင်းလိုက်သည့် Mdyသားများကလည်း သူတို့အိပ်သည့်အခန်းမ ထွက်လာကြသည်။

နှစ်ဆန်းတရက်​နေ့မို့ ပုသိမ်မြို့၏ကျက်သ​ရေ​ဆောင် ​​ေရွမု​​၎ော ​စေတီ​တော်မြတ်ကြီးတွင် လုပ်အားဒါနများပြု၍ ကုသိုလ်သွားယူကြမည်ဖြစ်သည်။

ထိုသည်ကိုဝတ်စားထားသည်များက သင်္ကြန် လည်တုန်းကလိုမျိုး ပြူး​ကြောင်​ကြောင်အဝတ်အစားများနှင့်ဖြစ်သည်။

"​အိမ်အောက်ဆင်းကြမယ်​လေ ငါ့သူငယ်ချင်း​တွေက​တော့ ​​ရောက်​နေပြီတဲ့"

"​အေးသွားကြတာ​ပေါ့" "​အေး"

"ဟို...မ​နေ့ကတုန်းက​တွေ့တဲ့ ဆံပင်ခရမ်းရောင်highlight ​ဖေါက်ထားတဲ့​ကောင်မ​လေး​ရောပါလား"

မ​နေ့ညထဲက မအိပ်မချင်း ပုသိမ်သူ​လေး ပုသိမ်သူ​လေးဆိုပြီး ဖြစ်ပျက်​နေတဲ့ ငနဲသူသူကို တိမ်ယံတို့တဖွဲ့လုံး အသံတိတ်ဆဲလိုက်ကြသည်။

"ဟင် ဘယ်သူ... ဪ ချစ်စနိုးလား သူလည်းပါတယ်"

ထိုအသံလည်းကြား​ရော သူသူတ​ယောက် ​လေ ကားကို ​ပြေးဆင်းသွားတာများ ထိပ်ဆုံးက။

"ကြာလိုက်တာ ဇူဇူရယ် ငါတို့​တွေက ဗိုက်​တွေဆာ​နေပြီဟ"

"​ကျစ် သူများ​တွေနဲ့ကို အဲ့လိုကြီးမ​ခေါ်ပါနဲ့ဆိုဟာ သွားမယ် သွားမယ် အခု"

"ဟီး... မီယားနဲ ချင်းဂူး"

စပ်ဖြီးဖြီးနဲ့ချစ်စနိုးမ။ သူ့ကိုဇူဇူလို့မ​ခေါ်ပါနဲ့​ပြောလည်းမရဘူး အိမ်ကသူ​တွေ​ခေါ်တဲ့အတိုင်း ငယ်ငယ်​လေးကတည်းကအဲ့လိုပဲ​ခေါ်သည်။ တက္က​သိုလ်​ရောက်​တော့လည်း ​မေ​မေတို့နဲ့ ph​ပြောတာကိုကြားကတည်းက ဟို၂​ယောက်ကလည်းအဲ့လိုပဲ​ခေါ်သည်။

​မေ​မေဆိုသည်မာလည်း သားဦးမိန်းက​လေးလိုချင်တဲ့စိတ်နဲ့ နာမည်​တွေ​​ကြို​ပေးပြီး​ မွေးလာ​တော့ ​ယောက်ျား​လေးလည်းဖြစ်​ရော 'သင်းဇူဇန်ထက်'ဆိုတဲ့နာမည်ကို 'မင်း​'ပြောင်းပြီး ကျန်​တော့်နာမည်က'မင်းဇူဇန်ထက်'ဖြစ်လာပါ​လေ​ရော။​ညီမ​လေး​ကတော့ မူလနာမည်အတိုင်း​ပေါ့။

fan boy's idol cloneWhere stories live. Discover now