"လူလူ under ဝင်လိုက်တော့"
သူသူက ကိုယ့်ကိုကာထားတဲ့ တဖက်အသင်းသားကိုလာကာရင်း ပြောလေသည်။
အချိန်ဆွဲလို့မရတော့ အမြန်ဝင်ရမည်။
"ဒုန်း! ဒုန်း! ဇွတ်!!! .... ဝှီး....."
ဘောလုံး ၂ချက်ပုတ်သံ ringထဲကနေတဆင့် ပိုက်ထဲဝင်သွားသံ ပြီးတော့ ဒိုင်ဝီစီသံ။
(A/N : basketball ကစားရာတွင် board အနားသို့ပြေး၍ ညာခြေတလှမ်း ဘယ်ခြေတလှမ်း ပြီးလျှင်ဘောလုံးကောက်၍ ခုန်ပြီး shoot လိုက်သည်ကို under ဝင်တယ်ဆိုပြီးသုံးနှုန်းကြသည်။ ညာ.ဘယ်.ခုန် ဟုဆိုကြသည်။ နောက်ပိုင်းတွင် ခြေနှစ်လှမ်းအစား သုံးလှမ်းကို ပြောင်း၍ သတ်မှတ်လာကြသည်။)
"yeah! 17မှတ် ဖြစ်နေပြီ သားကြီးတို့ 5tin"
"ရေး.........တိမ်ယံ တိမ်ယံ တိမ်ယံ" "မိုက်တယ်ဟေ့..."
ကိုယ်တွေရဲ့ physics major ကအာဗြဲစိန်တွေ လာအားပေးနေကြတာပဲ။
ဒါပေမဲ့ ကိုယ်ကကျောင်းသိပ်မတတ်တော့ လူတောင်စုံအောင်မသိ။
ကစားတာ ၇ မိနစ်ခန့်ဖြစ်နေပြီဖြစ်၍ ၂သင်းစလုံးမောနေကြပြီ။
ဟိုဘက်အသင်းကလည်း ကိုယ်တွေလို ၄ ယောက်ထဲမို့ လဲစရာလူအပိုတယောက်ပဲပါသည်။
ကိုယ်တွေအသင်းက ခုနတုန်းက သူသူဝင်ကစား၍ ဇင်ဇင်ထွက်နားနေသည်။
ဇင်ဇင် ပြောတဲ့အတိုင်းဆို ၂၁ မှတ်ပြည့်ဖို့ သိပ်မလိုတော့ ပွဲပြီးတဲ့အထိမဆော့ပဲ ၂၁ မှတ်အမြန် ပြည့်မှစိတ်ချရမည်။
"သူသူ မင်းအထဲမဝင်နဲ့တော့ 2pointပဲ shoot တော့"
"ok ဇင်ဇင်လေးရော့"
သူသူက ဇင်ဇင်လေးကို ဘောလုံးပေးပြီး၊
ကိုယ်နဲ့နေရာချိန်းလိုက်သည်။တဖက်သူတွေ ဇင်ဇင်လေးဆီအကြည့်အရောက် ဇင်ဇင်လေးက shoot မည့်ဟန်ပြုပြီးမှ သူသူ့ဆီလှမ်းပေးလိုက်သည်။
"သူသူ!"
သူသူက ဘီးကုတ်စည်းအပြင်ကနေ shoot လိုက်သည်။
"ဇွတ်!!!"
"ok 2point!"
"စည်သူ စည်သူ စည်သူ ဝေး......." "ရေး......"
YOU ARE READING
fan boy's idol clone
Romanceidol နဲ့ဆင်လို့ သတိထားမိရာကနေ အချိန်ခနလေးအတွင်း သဘောကျမိသွားတာမျိုး... ဇူဇန် ရင်းနီးခါစတုန်းက ကိုယ့်စကားနားထောင်လို့ ရိုးရိုးလေးသဘောကျတယ် နောက်တော့ခံစားချက်တမျိုး ပြောင်းလာပြီးသဘောကျတယ်...