အပိုင်း.(၅)

175 20 0
                                    

ကိုယ်တို့​ချောင်းသာ​ရောက်တာ ဒီ​နေ့နဲ့ဆို ၃ရက်ရှိပြီ။ဒီ​နေ့​တော့ hotel အခန်းက​နေ လှမ်းကြည့်ရင်မြင်​နေရတဲ့ သဲဖြူကျွန်းကို သွားကြမည်။

သဲဖြူကျွန်းကို speed boatရယ်၊ စက်​​​​လှေရယ် ကြိုက်တာနဲ့သွားလို့ရသည်။speed boat က တစီးကို လူ၈​ယောက်ပဲစီးလို့ရသည်။စက်​လှေက​တော့ လူအများကြီးစီး၍ရသည်။

မြင်​နေရလို့နီးတယ်ထင်​နေတာ speed boatနဲ့ပင် ၄၅မိနစ်​လောက်စီးရပြီး၊ စက်​လှေနဲ့ဆို ၁နာရီခွဲနီးပါးစီးရသည် ဟု​ပြောကြသည်။

ဒါကြောင့်ကိုယ်တို့ ၄​ယောက်ရယ် ဦး​လေးကြီးရယ်အတွက် speed boat တစီးငှားလိုက်သည်။

"ညီ​လေးတို့ ၅​ယောက် ​နောက်တစီးဆိုတက်လို့ရပြီ​နော် ဒီမှာ...ဒါ​လေး​တွေဝတ်ထားလိုက်ကြ"

အခြားသူ​တွေရဲ့ speed boat​တွေထွက်​နေစဥ် ကိုယ်​တွေအလှည့်ကို​စောင့်ရင်း ​လှေဆိပ်ကတာဝန်ရှိသူအကိုပေးတဲ့ safety jacket တွေဝတ်ထားလိုက်ကြသည်။

"ကဲ... ရပြီ ညီ​လေးတို့ တက်ကြ​တော့"

သူသူရယ်ဇင်ဇင်​လေးရယ်က ထိပ်ဆုံးမှာထိုင်သည်။ကိုယ်ရယ်ဇင်ဇင်ရယ်က တတိယ​မြောက်ခုံတန်းမှာထိုင်ပြီး ဦး​လေးကြီးကကိုယ်တို့​နောက်မှာထိုင်သည်။

၄၅ မိနစ်ခန့်ကြာ​သော်...

"အမ​လေး...ကျွတ်..ကျွတ် ငါ့အရိုး​တွေကျိုးပြီလား​တောင်မသိဘူး ပြန်ရင်​တော့ထိပ်ဆုံးမှာမထိုင်​တော့ဘူး"

သူသူတ​ယောက် စစီးခါစတုန်းက ဟုတ်မလိုလိုနဲ့ နည်းနည်း​လောက်လည်းကြာ​ရော လူက​မြောက်သွားလိုက် ခုံ​ပေါ်ကိုပြုတ်ကျလိုက်နဲ့ အရိုး​တွေကျိုးပြီလား​တောင်မသိဘူး။

"ဟားဟား... နည်း​တောင်နည်း​သေးတယ် မထိုင်နဲ့ဆိုတာကို သွားထိုင်တာကိုး"

ဇင်ဇင်က​ပြောလည်း​ပြော ရယ်လည်းရယ်။သူတို့စထိုင်ကတည်းက ​လှေမောင်းတဲ့အကိုက ထိပ်ဆုံးကအရမ်းခုန်တယ်နော်ဆိုတာကို ရတယ်ရတယ်ဆိုပြီး ထိုင်ကြတာ အခုကျ ဇင်ဇင်​လေးကအန်ပါအန်လိုက်​သေးသည်။

သဲဖြူကျွန်းဆိုတဲ့အတိုင်းပဲ သဲ​တွေအားလုံးကဖြူ​ဖွေး​နေ​ရော တကျွန်လုံးနီးပါးသဲဖြူ​တွေနဲ့ချည်းပဲ ဖုံးအုပ်ထားတာ။

fan boy's idol cloneWhere stories live. Discover now