ညနေဆောင်းတဲ့အထိ မင်းထက်ဆီကနေအဆက်အသွယ်မရတာမို့ လာခဲ့လို့ရမလားသာ smsပို့လိုက်သည်။ ခနအကြာမှာပြန်ဝင်လာတဲ့ messageကိုကြည့်ပြီး ထွန်းနဲ့ကိုနှစ်ယောက်သားဆိုင်ကယ်သော့ဆွဲကာ ထွက်လာခဲ့ကြတော့သည်။
မင်းထက်အိမ်ကလာနေကြမို့ ခြံတံခါးဖွင့်ကာဝင်လာလိုက်ကြပြီး အိမ်တံခါးဘဲလ်တီးကာရပ်စောင့်နေတုန်း ခြံထဲကိုပြိုင်ကားအဝါလေးတစ်စီးဝင်လာကာ တိမ်ယံကကားထဲမှဆင်းလာသည်။
"ထွန်းနဲ့ကိုပါလား အိမ်ထဲဝင်ကြလေ"
"အိမ်ရှင်ကမှလာမဖွင့်သေးတာ ဘယ်လိုဝင်ရမလဲ"
"ဪ ခနလောက်ဒါလေးတွေ ကိုင်ထားပေးပါလား"
တိမ်ယံကသူ့လက်နှစ်ဖက်အပြည့်ဆွဲလာတဲ့ Ruby Martတံဆိပ်နဲ့အိတ်တွေကို ပေးလာတာမို့ ထွန်းကကိုင်ထားပေးလိုက်သည်။ ထို့နောက် သူ့အိမ်သူ့ယာလိုမျိုး အေးအေးဆေးဆေးနှင့်ပင် passwordရိုက်ကာတံခါးဖွင့်လိုက်ပြီး ထွန်းလက်ထဲကအထုပ်တွေပြန်ယူကာ အထဲဝင်သွားသည်။ ထွန်းနဲ့ကိုလည်း တယောက်မျက်နှာတယောက်ကြည့်ကာ စိတ်ထဲမှာပြိုင်တူရွတ်လိုက်ကြမိတာက ဘယ်လိုတောင်လား။
အိမ်ထဲရောက်တော့လည်း တိမ်ယံကမီးဖိုခန်းထဲဝင်ကာပစ္စည်းတွေထားနေတာမို့ သူတို့နှစ်ယောက်ခမျာ ဆိုဖာပေါ်မှာငုတ်တုပ်လေးထိုင်လို့ ဟိုကြည့်ဒီကြည့်။
"ဟူး... ငါတို့အခြေနေကြီးကလည်း အခုမှရောက်ဖူးတဲ့အိမ်မို့ မအူမလည်ဖြစ်နေတဲ့အတိုင်းပဲ"
"ကိုရယ် ငါဖြင့်အသက်တောင်အောင့်ထားမိသလားမသိဘူး"
ထိုစဉ်အနောက်ဖေးမှ တိမ်ယံပြန်ထွက်လာကာ။
"ထွန်းနဲ့ကို ခနနေဦးနော် ငါမင်းထက်ကိုသွားနှိုးပေးမယ်"
"ဟမ် ခုနကလေးတင်မင်းထက်ဆီက messageရတာလေ သူကအိပ်နေတာလား"
"အဲ့တာငါပို့လိုက်တာ နင်တို့စိတ်ပူနေကြတယ်ဆိုလို့ အိမ်လာခိုင်းလိုက်တာလေ"
သူ့ဘောင်းဘီအိတ်ကပ်ထဲက မင်းထက်ရဲ့ဖုန်းကိုထုတ်ပြပြီး ပြောနေပုံက ဘယ်လောက်များပိုင်စိုးပိုင်နင်းနိုင်လိုက်သလဲ။
VOCÊ ESTÁ LENDO
fan boy's idol clone
Romanceidol နဲ့ဆင်လို့ သတိထားမိရာကနေ အချိန်ခနလေးအတွင်း သဘောကျမိသွားတာမျိုး... ဇူဇန် ရင်းနီးခါစတုန်းက ကိုယ့်စကားနားထောင်လို့ ရိုးရိုးလေးသဘောကျတယ် နောက်တော့ခံစားချက်တမျိုး ပြောင်းလာပြီးသဘောကျတယ်...