'ဘယ်လိုလဲ လာမကြိုသေးဘူးလား'
'အွန်း ရောက်တာတော့နာရီဝက်လောက်ရှိပြီ ခနထပ်စောင့်ပြီး ၇ခွဲလောက်မှမလာရင် polတက်တော့မယ်'
'phမဆက်ဘူးလား'
'၃ခါရှိပြီဆက်တာ မကိုင်ဘူး'
'စိတ်ညစ်တဲ့အသံကြီးလုပ်မနေပါနဲ့ ဇူဇူရယ် မကြာခင်လာမှာပါ အခုအနေအထားလေးကိုကြည့်စမ်း ရည်းစားကအတင်းပြန်ခေါ်လို့ပြန်လာပြီး လာမကြိုသေးလို့ စိတ်ကောက်နေတာနဲ့မတူဘူးလား... ဟိဟိ'
ကျွဲဆည်ကန်ကားဝင်းထဲမှာ စိတ်ညစ်နေတာတွေက ထွန်းပြောလိုက်တဲ့စကားတခွန်းနဲ့တင် ပျောက်ပြယ်သွားတော့သည်။
'ဟာ... ဘာတွေလျောက်ပြောနေတာလဲ နင်ကလည်း'
'ငါကမလဲဘူး ထိုင်နေတာ... နင်မကြိုက်တာကြလို့ အသံကြီးကိုကပြုံးစိစိနဲ့ သားရယ်... ဒါနဲ့ခုလောက်ထိokနေတာ သူ့ကိုမလိုက်သေးဘူးလား'
'နင်တို့ပဲ တခါသေဖူးပျဥ်ဖိုးနားလည်ဆို ငါက၂ခါတောင် အသည်းကွဲထားတာဆိုတော့ မလိုက်ရဲဘူး.... ပြီးကျ သူ့ပုံကလည်းသိရသလောက် straightဟ မိန်းကလေးဆိုထည်လဲတွဲတာ'
မင်းထက်ရဲ့အသံလေးက ချက်ချင်းညှိုးကျသွားလေသည်။
'နင်ကလည်းဟာ နင်နဲ့ကျမှ သူလည်းကွေးသွားနိုင်တာပဲကို အားလျော့တဲ့ စကားတွေမပြောစမ်းပါနဲ့ ဘာလည်းနင်က စစ်မရောက်ခင်ထဲကမြှားကုန်နေတာလား'
'အဲ့လိုလည်းမဟုတ်ဘူးလေဟာ ဒါနဲ့သူနဲ့ငါဆို ငါကauto uke typeကြီးဖြစ်သွားသလိုပဲ'
'နင်ကအစကတည်းက uke typeပဲကို ဟိဟိ'
'မပြောင်နဲ့ ငါ့ကို1st yrတုန်းကလာကြိုက်တဲ့ ဟိုအကိုနဲ့တုန်းကတောင် ငါကseme typeနော်... ပြီးကျငါကလုံးဝ manlyဆန်တာ ex၂ယောက်တုန်းကလည်း ကြည့်ပါလား'
'အမလေး သားရယ် အဲ့တာတွေကိုငါကမသိလို့လား နင်ပဲကြိုက်ရင်တောင် semeဆင်တွေပဲကြိုက်တာလေ... ပြီးတော့နင့်ပုံစံကဟာ manlyဆန်ဆန်တွေဝတ်စားပြုမူနေလည်း ချစ်ဖို့ကောင်းနေတာကွာ သိလား... နင့်အရပ်5'6"ဆိုတာလည်း ဒီနိုင်ငံမှာသာ သာမာန်အရပ်ဆိုပေမဲ့ interမှာဆို uke sizeပဲလေ မသိတာလည်းမဟုတ်ပဲနဲ့'
YOU ARE READING
fan boy's idol clone
Romanceidol နဲ့ဆင်လို့ သတိထားမိရာကနေ အချိန်ခနလေးအတွင်း သဘောကျမိသွားတာမျိုး... ဇူဇန် ရင်းနီးခါစတုန်းက ကိုယ့်စကားနားထောင်လို့ ရိုးရိုးလေးသဘောကျတယ် နောက်တော့ခံစားချက်တမျိုး ပြောင်းလာပြီးသဘောကျတယ်...