အပိုင်း.(၃)

257 24 0
                                    

အခု​တော့ ကိုယ်အတန်း​တွေမှန်မှန်တက်​နေရသည်။Feb လလည်းကုန်ပြီဆို​တော့ စာ​မေးပွဲကနီးလာပြီ​လေ စာ​မေးပွဲကျလို့​တော့မဖြစ်။

အလုပ်ကိစ္စ​​တွေ​တော့ ခနဖျက်ထားရသည်။
စာ​မေးပွဲနီးဖို့ ၁လ အလိုဆို အခုလိုပဲ အလုပ်​တွေ အ​ပျော်အပါး​တွေ ခန​ခေါက်ပြီး စာကုန်းရုန်းလုပ်ရပါသည်။

အခုလည်း နားမလည်တာ​တွေကို ဆရာမပိစိကရှင်းပြ​နေသဖြင့် ကိုယ်တို့တဖွဲ့လုံး အာရုံစိုက်​နေကြသည်။

"ဒါနဲ့ ဒီ၂ပုဒ်က​မေးခွန်းပုံစံတူတူပဲ​လေ ဘာလို့တွက်နည်းက ကွဲ​နေတာတုန်း"

ကိုယ်​မေး​တော့လည်း ဆရာမပိစိက သူ့မျက်မှန်​လေးပင့်ကာ ​သေချာထပ်​ပြောပြသည်။

ဆရာမပိစိဆိုတာ အခြားသူ​တော့မဟုတ် သိပ်မကြာခင်ကမှ အ​ဖြေပြန်​ပေးထားတဲ့ ဇင်ဇင့်​ကောင်မ​လေးပင်။

တက္ကသိုလ်ပင်​ရောက်​နေမှ tutionတက်ရမှာကိုမကြိုက်သဖြင့် ကိုယ်တို့အဖွဲ့က​ တ​ယောက်မှ tutionမတက်ပါ။

ဇင်ဇင်က​တော့ အတန်းလည်းမှန် စာလည်းလိုက်လုပ်သဖြင့် ခုချိန်ဆိုသူစာရှင်းပြ​နေကြ။အခုကျ သူ့​ကောင်မ​လေးက မိန်းက​လေးသဘာဝ စာလိုက်လုပ်သဖြင့် စာ​တွေပိုရကာ တာဝန်လွှဲပြောင်းထားခြင်းပင်။

"ဒီလို​လေ ဒီအပုဒ်မှာ mediumက air​လေ ဒီမှာက water​လေ အဲ့​တော့ velocity​တွေလဲကွာကုန်ပြီ​လေ"

"ဪ သိပြီ သိပြီ"

တနဂ်နွေ​နေ့ဖြစ်သဖြင့် ပိစိတို့အိမ်နားက ဆိုင်တွင်စာစုလုပ်​နေကြခြင်းသာ။

မနက်တပိုင်းပင်ကုန်လာပြီဖြစ်သဖြင့် ဗိုက်ဆာလာကြပြီ။

"ခနနားပြီး ဝါးတီးဆွဲကြရ​အောင်"

သူသူ၏အဆိုကို ကိုယ်တို့အကုန်လက်ခံလိုက်ကြသည်။

စား​သောက်ကြပြီး စာပြန်လုပ်လိုက်ကြတာ ည​နေ ၄နာရီခန့်မှသာ အိမ်ပြန်ဖြစ်ကြသည်။

~~~~~~~~~~~~~~~ . ~~~~~~~~~~~~~~~

"ဟဲလို......"

ကိုယ်ညကလည်းအိမ်ပြန်တာ​နောက်ကျလို့ မနက် ၃နာရီမှ အိပ်ထားပါတယ်ဆို အခုအ​စောကြီး ဘယ်သူကph​ခေါ်ပြန်ပြီလဲမသိ။သူသူဇင်ဇင်ထဲက တ​ယောက်ပဲ​နေမှာ။

fan boy's idol cloneWhere stories live. Discover now