အပိုင်း.(၄)

179 22 0
                                    

​သောက်ရင်းစားရင်းနဲ့ ခနဆိုပြီး အိပ်​ပျော်သွားကြတာ ဦး​လေးကြီးနှိုးမှသာ နိုးကြသည်။

"သားတို့ ​ရေထဲဆင်းကြ​တော့​လေ အိပ်​လှချည်လားကွ"

"ဟင်....ဟုတ်......ဘယ်အချိန်ရှိပြီလဲ"

ဇင်ဇင်ကအရင်ဆုံးနိုးသည်။

"၄နာရီခွဲ​နေပြီ​လေကွ ဦး​လေးကြီးကထမင်းသွားစားလိုက်ဦးမယ်​နော်"

"ဝါး...... ဟုတ်ကဲ့...."

ဇင်ဇင်က သမ်းနေရင်းပင် ဖြေလိုက်သည်။ ထို့နောက် လူသူဇင်ဇင်တို့ကိုပါ နှိုးလိုက်သည်။

အဲ့​တော့မှ အကုန်လုံး အ​ကြောဆန့်ကြ၊ ဇက်ချိုးကြလုပ်​နေကြသည်။

"ကဲ ​ဘောကွင်းငှားပြီး ဆင်းကြမယ်​ဟေ့"

စားပွဲ​ပေါ်က​ရေဗူးကိုယူ​သောက်ရင်း သူသူက​ပြောသည်။

"အဝတ်မလဲကြ​တော့ဘူးမို့လား"

ဇင်ဇင်​လေးက​မေးလည်း​မေး သူရဲ့အ​ပေါ်ထပ်ရှပ်အင်္ကျီလက်တိုကိုလည်း ချွတ်​​နေသည်။

"လက်ပြတ်နဲ့​ရေထဲဆင်းမှာလား မင်းက"

"​အေး​လေ ဘာဖြစ်လို့လဲ အသားမဲမှာ​ကြောက်​နေတာလား"

"နည်းနည်း​ပေါ့ ငါက​တော့ ဒီအတိုင်းပဲဆင်းမယ်"

"လူလူရယ် မင်းကဖြူပြီးသားပဲဟာ"

"ဘာဖြစ်ဖြစ်ကွာ လာ...ဒိုးကြမယ်"

သူသူဇင်ဇင်က ​ဘောကွင်းသွားငှားနေသည်မို့ ကိုယ်ရယ်ဇင်ဇင်​လေးရယ်က ​ရေထဲဆင်းရင် သောက်ဖို့ဘီယာယူနေလိုက်သည်။

ချောင်းသာမှာ လူအများဆုံးအချိန်လို့​ ပြော၍ပင်ရသည့်​ သင်္ကြန်ကာလ။

မနက်မိုးလင်းက​နေ ညမိုးချုပ်အထိ လူကပါးမသွား ​နေ့လည် ၁၁နာရီက​နေ ၃နာရီလောက်အထိ လူပါး​ပေမဲ့ လုံးဝမရှိနေတာမျိုးတော့မဟုတ် ​ရေထဲဆင်း​နေသည့်လူများ ရှိနေတာပဲပင်ဖြစ်သည်။

အခုလည်း​ နေက​တော်​တော်ပူ​နေတုန်းပင် ဒါ​ပေမဲ့ ​ရေထဲဆင်းလိုက်ရင် ပူတယ်ထင်​တော့မှာမဟုတ်။

ကမ်း​ခြေဆိုသည်မှာ ဒီလိုပဲမဟုတ်လား ​နေပူ​လေပူ​အဲ့တာကိုမှ ​​ရေငန်နဲ့​တွေ့ အသား​တွေမဲပြာလာ​ရော။

fan boy's idol cloneWhere stories live. Discover now