ဤအပိုင်းတွင် အသက်မပြည့်သေးသူများနှင့် မသင့်လျော်သော အခန်းကဏ္ဍများပါဝင်ပါကြောင်း ကြိုတင်သတိပေးအပ်ပါသည်။
"ကိုယ် စတော့မယ်နော်"
"ဘာ! မင်း! ငါ့ကို..ငါ့ကိုအခုပဲ ခြယ်လှယ်ပြီးတာလေ"
အမောတောင်မပြေသေးဘူး ခွေးကောင် clone။
"ဟာ ကိုယ့်ကိစ္စကဘာမှမဖြေရှင်းရသေးဘူးလေ"
"ခုနထဲက မင်းဘာသာမရှင်းပဲ ငါ့လာဇယားရှုပ်နေတာလေ"
တော်တော်တရားကျဖို့ကောင်းတဲ့ကောင်။ သူပဲသာယာပြီး ကိုယ်ကျ feelငုတ်ခံရမှာလား။ ကိုယ်တကယ် တဇွတ်ထိုးလုပ်ချင်လာပြီ။
"ဒီမှာတွေ့လား ကိုယ့်မွေးနေ့မှာအပြီကဲဖို့ ရိက္ခာအစုံပါပြီးသား၊ မင်းကိစ္စပေါ်လာလို့ ကိုယ့်ဂွင်ပျက်သွားပြီ အဲ့တော့တာဝန်ယူရမယ် ကိုယ့်ရဲ့ဟာလေး၊ ဖူး..."
နားနားကိုကပ်ပြောတဲ့အပြင် နားထဲကိုလေပါမှုတ်လိုက်တော့ ကြက်သီးထသွားချက်ပဲ။ ဒီမှာတွေ့လားဆိုပြီး ကားနောက်ဘက်ကနေယူပြတာက plastic boxတခုပဲ၊ အထဲမှာ condomထုပ်လို့ထင်ရတာလေးတွေတော့တွေ့လိုက်တယ် ကျန်တာတော့ဘာတွေလည်းမသိပေမယ့် sexနဲ့ပတ်သတ်မယ့် itemsတွေပဲနေမှာ။
"ဘာ..ဘာကို...ငါ့ကိစ္စလဲ မင်းဘာသာပြန်မယ်ဆိုပြီး လက်ဆွဲခေါ်လာတာလေ"
"မင်းကြောင့်လေ၊ တခါထဲလည်းဖြတ်ခဲ့ပြီဆိုတော့ မင်းပဲတာဝန်ယူ"
ဟုတ်တယ်လေ၊ ကိုယ်ကမွေးနေ့အတွက်ဆိုပြီး ဘာဘာညာညာလိုတာအကုန်ပြင်ဆင်လာတာ။ အခုတော့စိတ်လည်းမပါတော့လို့ ဟိုကလေးမကိုဖြတ်ခဲ့လိုက်တာ။ ကလေးမပြန်ဖို့ကတော့ သူသူဇင်ဇင်တို့အဆင်ပြေသလိုကြည့်လုပ်လိမ့်မယ်။ ကိုယ့်ကားနဲ့မလှမ်းမကမ်းမှာ သူသူဇင်ဇင်တို့ကားတွေ အခုထိရပ်ထားတုန်းဆိုတော့ အခုထိမပြန်ကြသေးဘူးပဲ။
"ငါက seme"
"ဟမ် ဘာကြီး"
"ငါက Tလို့ Bမထိုင်နိုင်ဘူး"
သူဘာတွေပြောနေတာလဲ ကိုယ်တခုမှနားမလည်ဘူး။ ကိုယ့်ကို တယောက်ယောက်တော့ရှင်းပြပေးဖို့လိုနေပြီ။
YOU ARE READING
fan boy's idol clone
Romanceidol နဲ့ဆင်လို့ သတိထားမိရာကနေ အချိန်ခနလေးအတွင်း သဘောကျမိသွားတာမျိုး... ဇူဇန် ရင်းနီးခါစတုန်းက ကိုယ့်စကားနားထောင်လို့ ရိုးရိုးလေးသဘောကျတယ် နောက်တော့ခံစားချက်တမျိုး ပြောင်းလာပြီးသဘောကျတယ်...