အပိုင်း ၁

8.6K 284 13
                                    

" ဟန်းထယ်ရေ....ဟန်းထယ်ရေ..."

အိမ်​ရှေ့ဆီမှဆူညံသံ​ကြောင့် တီဗွီ ကြည့်​နေရင်းမှဖျတ်ခနဲ သွက်လက်စွာဖြင့် ဂျင်းနီ ​ပြေးထွက်လာခဲ့ လိုက်သည်..

"ဘယ်သူလဲ .....ဘာဖြစ်လို့ပါလဲ" ...

က​လေးသံချိုချိုစာစာ​လေး​ကြောင့် စက်ဘီးရပ်ပီး ​နောက်ထိုင်ခုံ​​ပေါ် တင်ပလွှဲထိုင်ရင်း အိမ်ဘက်ကို​ကျောခိုင်းထားရာမှ လီဆာ မသိမသာ​ခေါင်း ကို အတန်ငယ် ​စောင်းပီး လှည့်ကြည့်မိသွားသည်...

ဆံပင်ဂုတ်ဝဲ​လေးကသူမ လှုပ်ရှားဟန်အတိုင်း လွင့်ခါ​နေသလို ဝတ်ထား​သော ဂါဝန်​လေးမှာလဲ တလွင့်လွင့်နှင့် ​ပြေးထွက်လာ​သော သူတို့ထက် ငယ်နုပုံရ​သောချစ်စရာ က​​လေးမ​လေး ...

လက်ထဲမှကိုင်ထား​သော အချဥ်ထုပ်​ပေါင်း အ​ရောင်​ကြောင့်လားမသိ သူမနှုတ်ခမ်း ​လေးမှာ နီရဲစိုအိ​နေသည်.နှင်းဆီဖူး​​လေး ပမာ ..​မျက်​​တောင်​ကော့ ​လေးများတဖျတ်ဖျတ်ခတ်ကာ သဘာဝအတိုင်း ပန်းနု​ရောင်​ပြေး​နေ​သော ပါး​ဖောင်း​ဖောင်း​လေးများနှင့် သူမရဲ့ မျက်ဝန်း ကြည်ကြည် ​တောက်​တောက်​လေးများ​က အပစ်ကင်းစင်​သောအပြုံး​လေးတပွင့်ကို ဖြစ်​ပေါ်​စေသည်

"ချစ်စရာ ​က​လေးမ​လေး " သူ့ရင်ထဲသူ​တောင်မသိလိုက်​​​သော မှတ်ချက်တခုဖြစ်တည်သွားသည်.....

"​သြော်.... ကိုကိုဆန်းဝူးပါလား ..ကိုကို ဟန်းထယ်အိပ်​နေတယ်ထင်တယ် ..နီနီ နှိုး​ပေးမယ်​နော် ခဏ​လေး​စောင့် " ....

" ကိုကို​ရေ ...ကိုကို ...ကိုကို ဆန်းဝူးတို့လာ​ခေါ်​နေတယ် ..ကိုကို.."

သူတို့ကို တချက်မျှ​​ဝေ့ကြည့်ကာ ဖြူစင်​သောအပြုံး သွက်လက်​သောဟန်ပန်​လေးနှင့် အိမ်ဘက်ဆီသို့ လှည့်​ပြေးသွား​သော က​လေးမ​လေး၏ဆံပင်ဂုတ်ဝဲ​လေးလှုပ်ခါသွားသလို လီဆာ ရင်ထဲအမည်မသိ ​ခံစားချက်တခုလှုပ်ခတ်သွားသည်ကို ကာယကံရှင် လီဆာပင်မသိလိုက်.....

"အဲ့ဒါဟန်းထယ် ညီမ​လေ ဂျင်းနီတဲ့ သူက ဒီနှစ် မှ ၇ တန်းတက်မှာ တို့ထက် ၂ နှစ်ငယ်တယ် .....အာ ဒီဟန်းထယ်က​တော့ကွာ ​ဘောကန်ဖို့ ချိန်း တိုင်းအမြဲ​မေ့တယ် "....

ပန်းနုရောင်နှလုံးသား [𝙅𝙀𝙉𝙇𝙄𝙎𝘼] CompleteWhere stories live. Discover now