မိန်းကလေးက စသော်လည်း တုတ်တုတ်မလှုပ်သော လီဆာ့ကြောင့် ဟယ်နာ သည် နောက်တနည်း ကြံရပြန်လေသည် .....
" မေမေ Lice အိမ်မှာမရှိဘူးလားဟင် "
" အော် ...သမီး ဟယ်နာ လာလေ သားကတော့ ဆေးရုံမှာပဲ ညအိပ်တယ်လေကွယ် ....အန္တရာယ်များလို့ မိဘတွေစိတ်ပူရတာ သူ ကတော့ ဇွတ်လုပ်တာပဲ ....နိုင်ငံ့အကျိုးဆိုတော့လဲ အတင်းကျပ် မတားချင်ဘူး လေ "
" ထိုင် သမီး နေ့လည်စာစားသွားနော်.... "
ဘာမှမသိသော လီဆာ့ မေမေကတော့ သားသူငယ်ချင်း ဟု ဆိုကာ ဒီနယ်မှာတယောက်တည်း ဖြစ်နေမှာစိုး၍ တတ်နိုင်သမျှဂရုစိုက်ပေးသည် .....
ဧည့်ခန်းအတွင်း ထိုင်လိုက်ကြပီးနောက် ဟယ်နာသည် သူမအကြံတို့အကောင်ထည် ဖော်နိုင်ရန် စလိုက်သည်
" မေမေ ရယ် လီဆာကလေ ဒီရောက်တည်းက ဟယ်နာ့ကို ဂရုမစိုက် တော့ဘူး....
ဟယ်နာက သူ့မျက်နှာကြောင့်လိုက်လာတာကို ခုတော့ ဟယ်နာ့ကို တယောက် တည်းချန်ထားတယ် ...မာမီတို့က သူ့ကို ယုံကြည် ပီး ထည့်လိုက်တာကို မေ့နေပီလားမသိဘူး...မာမီနဲ့ ဒက်ဒီက Liceကို သားလေး တယောက်လိုချစ်ပီးယုံကြည်တာ မေမေရဲ့ ....."" ဟယ်နာကလဲလေ Liceရဲ့ မေမေ တို့ကို တွေ့ချင် ရင်းနှီးချင်လို့ အဝေးကြီးကနေလာခဲ့ရတာ ....မေမေ တို့ကို တွေ့ထဲက ဟယ်နာ့ စိတ်ထဲ ကိုယ့်အမျိုးတွေ ပြန်တွေ့ရသလိုပဲ ရင်းနှီးပီး ချစ်ခင်ရတာမေမေရဲ့ .......".....
အဓိပ္ပါယ်တလွဲရောက်စေမည့် စကားတို့ဆိုရင်းသူမ လိုချင်သောစကား ထွက်လာစေရန် စကား လမ်းကြောင်းပေးလိုက်သည် ....
Mrs.Manobal စဥ်းစားရကြပ်သွားသည် .
Lice အကြောင်းသူမသိသည် သူချစ်သောမိန်းကလေးကို ဒီလောက် ဥပေက္ခာပြုထားမှာမဟုတ် မိန်းကလေးနှင့်ပတ်သက်၍ Lice ပြောဖူးတာဆိုလို့ သူဆယ်တန်းအောင်ပီးခါစ စာသင်ပေးခဲ့ရသည့် ကောင်မလေးတယောက်တည်းသာ ....
သူမကို မွေးနေ့လက်ဆောင်အတင်းဝယ်ခိုင်း ကာ စိတ်လှုပ်ရှားပျော်ရွှင်နေသော သားမျက်နှာကိုမြင်ခဲ့ရတာ ထိုနေ့ညနေပိုင်းလေးသာ ဆိုပေမယ့် သူမ ထိုနေ့ကို မမေ့နိုင်ပါ ....
ပျော်ပျော်ရွှင်ရွှင်ထွက်သွားသော သားသည် ည မှောင်မှပြန်ရောက်လာကာ မျက်နှာတွင်လည်း အညိုမဲစွဲလျက် ...သူမမေးတော့ သစ်ကိုင်းနှင့် ဝင်တိုက်မိတာဟုဖြေသည် ..
.
နောက်နေ့မနက်မှာတော့ သူမ၏ညီမဖြစ်သူနေထိုင်သည့် မြို့ထဲအိမ်တွင် နေချင်ပါသည် တောင်းဆိုသဖြင့် လွှတ်လိုက်ရသည် .....