အပိုင်း ၆

2K 160 1
                                    


လီဆာသည် သူမတို့အိမ်ရှေ့ ရောက်ခါနီးတော့ ရှေ့တည့်တည့်ကြည့်ရင်းလျှောက်နေရာမှ ရပ်လိုက်သည်....
သူမဘက်သို့ လီဆာ ဖြည်းညင်းစွာလှည့်လာသည်နှင့် သူမ၏ နှလုံးသားလေးသည် ပြုတ်ထွက်လုနီးပါး ခုန်ပေါက်နေတော့သည်

" ကိုယ် မင်းကို ချစ်တယ် "

ကြားဖူးသမျှသောအသံများထဲတွင် ချိုသာနူးညံ့ မြတ်နိုးမှုတို့ ရောစွက်နေသောချိုမြမြ သူ့အသံကြောင့် စက္ကန့်အနည်း ငယ်မျှသူမအသက်ရှူရန်မေ့လျော့သွားသည်...

" ကို့ ကို ချစ်လား "
-
-
-
"ချစ် လားလို့ "

သူမျက်နှာချောချောကိုမော့ မကြည့်ရဲ၍ မှောင်မိုက်နေသော လမ်း ကိုသာငုံ့ကြည့်ရင်း အတိုင်းသားကြားနေရသော သူမရင်ခုန်သံတို့ဆန္ဒ အလိုအတိုင်းသူမခေါင်းလေးကို ငြိမ့်ပြလိုက်သည်

သူမရဲ့ လက်သန်းလေးကို တချက်မျှ ညှစ်
လိုက်ပီးနောက် လွှတ်လိုက်ကာ သူမဆံပင်လေးကို ချစ်မြတ်နိုးစွာ ပွတ်ပေးလိုက်ရင်း

"ဝင်တော့ နော် " 

သူမသည် သူ့စကားအတိုင်းနားထောင်ရင်း သံပတ်ရုပ်လေးပမာ အိမ်ဘက်ဆီသို့ လှည့်ဝင်သွားသည်.....

💭" မဟုတ်ဘူး မဝင်နဲ့ ပြန်လှည့်ပြောလိုက်
မချစ်ဘူး မုန်းတယ် " လို့ပြောလိုက်.💭

"မချစ်ဘူး ...မချစ်ဘူး..... မုန်းတယ် ....မုန်းတယ်"

"ဟူး... ဟင်း ..အင်း ..ဟင်း "

" ဒေါက်တာ ဒေါက်တာ ..ဒေါက်တာ"

"ဟင် ..အင်း ...ဘာလဲ ဟင် ဆရာမ လူနာတခုခုဖြစ်လို့လား ..."

" မဟုတ်ပါဘူး ဒေါက်တာ ....ယောင်နေလို့ အိပ်မက်ဆိုးတွေမက်နေတာလားလို့ နှိုးလိုက်တာ ပါ "

"အော် ဟုတ်တယ် ဆရာမရယ် ဆိုးတာမှတော်တော်ကိုဆိုးတဲ့ ပြန်မမက်ချင်တော့ တဲ့ အိပ်မက် ပါ ""

ဆရာမလေး က သူမပြောသည် ကိုနားမလည်နိုင်စွာကြည့်ရင်း တာဝန်ကျ ဆရာမလေးများစားပွဲဘက်ဆီသို့ ပြန်လျှောက်သွားသည်

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

သူမမွေးနေ့ ရောက်ခါနီးလို့ သတိတရရှိမိတိုင်း ထိုအိပ်မက်သည် သူမကို ခြောက်လှန့်တတ်မြဲ ....

၁၂ နှစ်တောင်ရှိခဲ့ပြီပဲ .....

သူမ အတွက်တော့ မနေ့တနေ့ကလို ပင် သူမနှလုံးသားလေးကို နာကြည်းမှုအထပ်ထပ် အုပ်ကာသိမ်းထုပ်ထားသော်လဲ ဒဏ် ရာတို့သည်နာကျင်နေဆဲ

ချစ်တယ်ဟူသောစကားတခွန်း ကို လွယ်လွယ် ပြောကာ သူမရဲ့ အချစ်တို့ကို ပေါ့ပျက်စွာ သတ်မှတ်ခဲ့သူသည် ထိုနေ့မှစ၍ စာမလာ သတင်းမကြား သူမကို ထားသွားခဲ့သည်မှာ ယခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၂၉ ရက်သူမ ၏ ၂၈ ပြည့် မွေးနေ့ဆိုလျှင် ၁၂ နှစ် တင်းတင်း ပြည့် ခဲ့ လေပြီ.....
(အသက်ကတော့ ဇာတ်လမ်းအရပါနော်🥰)

သူ့ထံမှဘာအဆက်အသွယ်မှမရဘဲ သူမသူငယ်ချင်းများစုံစမ်းပေး၍သာ သူ့ အဒေါ်တွေရှိရာ မြို့ထဲအိမ်တွင် သွားနေသည် ဟူသော မသေချာသည့် သတင်းတခုကလွဲ လျှင် သူမ ဘာမှ မသိခဲ့ရ ...

သူ ထွက်သွားပီး တလလောက်ကြာတော့ သူတို့အိမ်နှင့်ခြံ တံခါးများ ပိတ်ကာ သူ့မိဘများပါပြောင်းသွားကြောင်းသာသိရသည် ......

ပထမတော့ သူ့မှာ အကြောင်းပြချက်တခုခုရှိမှာပါ ....ဟူ၍ သူမဖြေသိမ့်သည်....

သူပြန်လာနိုးနှင့်စောင့်ရင်း သူမ စာမကျက်နိုင် စိတ်မဝင်စားနိုင်ဘဲ ၁၀ တန်းနှစ် တွင် စာမေးပွဲ ကျရှုံးခဲ့သည့်အပြင် အစားမမှန်၍ သွေးအားနည်းကာ ဆေးသွင်းရသည် ထိ နေမကောင်း ဖြစ်ခဲ့သည် ....

သူမလွမ်းနေသည်ကို သူသိကာ သူမဆီပြန်လာလျင်ကောင်းမည် ....ဟူ၍ မျော်လင့်မိသေးသည်

ဒုတိယအကြိမ် ၁၀ တန်းပြန်ဖြေတော့ သူ့ကို တွေ့ ရန် အခွင့်အလမ်းပို ရနိုင်သည့် သူရှိသည့် ဆေး ကျောင်းတက်နိုင်ရေးအတွက်သူမ အစွမ်းကုန်ကြိုးစားခဲ့ရသည် ....

စာဘက်တွင် ပြန်စိတ်ဝင်စားလာသည့် သူမကို မိဘများက ထောက်ပံ့ပေးမှုကြောင့် ၄ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီး ဆေးကျောင်းအမှတ်ကို ပွတ်ကာသီကာဖြင့် မှီခဲ့သည်

ဆေးကျောင်းစတက်တော့ သူ့ကို လိုက်ရှာသော်လည်း မတွေ့ခဲ့ ယုတ်စွအဆုံး အမည်တူပင်မတွေ့ ....

တစတစ နှင့် သူမ၏အလွမ်းတို့သည် နာကြည်းမှုသို့ ပြောင်းလဲလာခဲ့သည် .....

အချစ်ကြီး၍အမျက်ကြီးမိသည် ...

ယခုအချိန်သာသူ့ကိုတွေ့ရလျှင်တော့ သူမ သည် ဆေးထိုး အပ် ခပ်ကြီးကြီးနှင့် အနာကျင်ဆုံးဖြစ်မည့်ဆေးထိုးကာ ခွဲစိတ်ဓါးဖြင့် တကိုယ်လုံးခွဲပစ်မိလိမ့်မည် ထင်သည် ...
,
(ရက်စက်လိုက်တာ ခင်ဂျန်းရယ်🥺)
,

လီဆာ့ကိုသူမအရမ်းနေမိသည်။ ......





မှန်မှန် Upပေးနိုင်အောင်ကြိုးစားနေပါတယ်🧡
Thank For Reading 😍😍
ရာသီဥတု is Not Good🤧

ပန်းနုရောင်နှလုံးသား [𝙅𝙀𝙉𝙇𝙄𝙎𝘼] CompleteWhere stories live. Discover now