" ကဲ ..ပြော ..ရှင်နဲ့ ကိုကို ကျွန်မအကြောင်း ဘာများပြောစရာရှိလို့လဲ ........ဒါမှမဟုတ် ကျွန်မတို့အကြောင်း ရှင် ပြောလိုက်တာလား ......"ဝီလျံ ကားမောင်း၍ ထွက်သွားသည်နှင့် သူမ လီဆာ့ကို မျက်နှာချင်းဆိုင်လိုက်ကာ စိတ်လောစွာ မေးလိုက်သည် ......
" ကိုယ်ပြောစရာတောင် မလိုပါဘူး .....
မင်းကိုကိုယ် ချစ်တာ မင်းကိုကို
သိပြီးသားပါ ....."" ဟမ် ...ဘယ်လိုသိတာလဲ ......
ဘယ်တုန်းကသိတာလဲ ...ရှင် ကျွန်မကို နောက်နေတာမလား ...."" နောက်တော့ မင်းသိလာမှာပါ ....ခု အရေးကြီးတာက မင်း ကိုယ့်ကို ဘယ်လိုသဘောထားနေတာလဲ ...ကိုယ့်ကိုတကယ် မချစ်နိုင်တော့ဘူးလား ...."
" ကျွန်မအနားမှာ ဝီလျံရှိတယ်လေ ရှင်မတွေ့ဘူးလား ...အဲ့လောက်ဆို ရှင်းတယ်မလား ......."
" ဝီလျံက မင်းရဲ့ ဂျူနီယာပါလို့ အိမ်ကိုမိတ်ဆက်ပေးထားတယ် ......မင်းနဲ့သူ ချစ်သူတွေမဟုတ်ဘူးဆိုတာ ကိုယ်သိတယ် .....ပြီးတော့ ကိုယ်နဲ့ပတ်သက်တဲ့အမှတ်တရတွေလဲ မင်းသိမ်းထားတုန်းပဲဆိုတာလဲ
ဟန်းထယ် ပြောလို့ကိုယ်သိခဲ့ရပြီးပြီ.......""........"
" ဂျင်းနီ ....ကိုယ်ထွက်သွားခဲ့တာအတွက်စိတ်ဆိုးနေတုန်းပဲဆိုရင် ထပ်တောင်းပန်တယ်ကွာ.....နော်.....
ကိုယ်နဲ့ပတ်သက်တာတွေကို မေ့ပစ်ဖို့ကြိုးစားနေတာဆိုရင်လဲ မင်း ထပ်ချစ်နိုင်အောင်ကိုယ် ကြိုးစားမယ်.......ကိုယ့်ကို ရူးချင်လာအောင်မလုပ်ပါနဲ့ ကိုယ့်ကို ရှောင်နေတာ ကိုယ်လက်မခံနိုင်ဘူး ......"" ဟုတ်တာပေါ့ ....ရှင့်အတွက်တော့ မိန်းမတယောက် ချစ်လာအောင်လုပ်ဖို့ သိပ်လွယ်တာကိုး ......ကျွန်မကတော့ တသက်မှာတယောက်ကို ကျွန်မနှလုံးသားနဲ့ ထုဆစ်ပြီးချစ်တတ်ခဲ့တာ ....
အပေါ်ယံ မဟုတ်ဘူးရှင့် .....ရှင်ထွက်သွားကတည်းက ကျွန်မနှလုံးသား အစိတ်စိတ်အမွှာမွှာကွဲသွားခဲ့တာ .........ခုရှင့်ဘေးမှာရှိနေတဲ့ ရှင့် အချစ်သစ်ကိုသာ ရှင် ဂရုစိုက်လိုက်ပါတော့ ....."