အပိုင်း ၂၀(ဇာတ်သိမ်း)

4.9K 211 12
                                    

ပန်းနု​ရောင် နှလုံးသား
အပိုင်း ၂၀
( ဇာတ်သိမ်းပိုင်း )

သတိရလာခါစ ဂျင်းနီကို ဆရာဝန်များစစ်​ဆေး​​နေသဖြင့်လီဆာတို့ သုံး​ယောက်လုံး စောင့်ကြည့်​နေစဥ် ဝီလျံ့မေမေ ရောက်လာကာ

" သားဆရာဝန်​တွေ သွားတာ​တွေ့လိုက်လို့ ....က​လေးမ​လေး သတိရလာပြီလား ...."

ဝီလျံ ​ခေါင်းသာငြိမ့်ပြ လိုက်ရင်း သူ့ရင်ထဲတွင်​တော့ မမ သည် သူ့ကို အရမ်းမုန်း​နေမလား ဟု​တွေး​နေမိသည် ...

ဝီလျံ ပြောပြထား၍အ​ကြောင်းစုံသိ​နေ​သော ​ဝီလျံ့အမေမှာ ဂျင်းနီ သတိရလာလျှင်ကြုံ​​တွေ့ရမည့် ပြသနာတို့အတွက်ကြိုတင်ရင်​လေး​နေမိသည် ......
မိမိ သားသည် ထိုပြသနာတို့၏ရင်းမြစ်ပင် မဟုတ်ပါလား .....

" မိသားစု ​တွေဝင်​တွေ့လို့ရပါပြီ .....အားလုံး အဆင်​ပြေပါတယ် တစ်ရက် နှစ်ရက်​လောက် ​ဆေးရုံမှာ အနားယူလိုက်ပီးရင် ​ဆေးရုံဆင်းလို့ရပါပြီ ဒီကြားထဲထူးခြားရင်​​တော့ ...တာဝန်ကျဆရာဝန်ကို ​အ​ကြောင်းကြား​ပေးပါ ......."

" ဟုတ်ကဲ့...​ကျေးဇူးတင်ပါတယ်
ဆရာကြီး "
.......................................................

" ညီမ​လေး ... သက်သာလား ...ကိုကိုပြောတာကြားရတယ်မလား "

" ကိုကို ....ညီမ​လေး သက်သာပါတယ် .......​မေ​မေ​ရော...."

" အင်း ...​အ​ဖေ​ရောအ​မေ​​ရော မသိ​သေးဘူး ......သူတို့စိတ်ပူ​နေမှာစိုးလို့ ကိုကို ကြည့်​ပြောထားတယ် "

"ဂျင်းနီ ....​ခေါင်းကိုက်တာဘာညာရှိရင်​ပြော​​နော် .....မင်းဘယ်လို ​နေ​သေးလဲ ...."

" ဆရာဝန်ကြီး ​တွေစစ်ပြီးသွားပါပြီ.....
လီဆာက ဒီကိုဘယ်လို​ရောက်လာတာလဲ "

" ကိုကိုလဲသိသိချင်းဘာလုပ်ရမှန်းမသိတာနဲ့ လီဆာ့ကို အကူအညီ​တောင်းလိုက်တာ ....ညီမ​လေး သတိ​မေ့​နေတာ ၁၀ရက်​ကျော်ပြီ ....တ​လျှောက်လုံး လီဆာက​နေ့တိုင်းလာ​ကူစောင့်​ပေး​နေတာ ....."

" ....မမ ......ကျွန်​တော် ...​တောင်းပန်...."

" မင်းထွက်သွား ..ဝီလျံ ....ငါမင်းကို မမြင်ချင်ဘူး .....ငါ့ယုံကြည် မှုကို မင်း အလွဲသုံးစားလုပ်ရက်တယ် ..."

ပန်းနုရောင်နှလုံးသား [𝙅𝙀𝙉𝙇𝙄𝙎𝘼] CompleteWhere stories live. Discover now