အပိုင်း ၈

1.8K 159 5
                                    

" ဒေါက်တာ ......ဒေါက်တာ "

"ဟုတ်ကဲ့ ..ဆရာမ ဘာများ ဖြစ်လို့ပါလဲရှင်"

" VIP ကလေး တစ်ယောက်ထိခိုက်ဒဏ်ရာရလို့ အရေးပေါ်ဆောင်ကို လာမယ်လို့ ဖုန်းဆက်လာပါတယ်..... အဲ့ဒါ ကလေးဆောင်က တာဝန်ကျ ဆရာဝန်တယောက် လာခဲ့ပေးဖို့ ဆေးရုံအုပ်ကြီး ကပြောခိုင်းလိုက်လို့ပါ"

" အော် ဟုတ်ကဲ့ အခုလိုက်ခဲ့မယ်လေ ခဏနော် "

တာဝန်ကျ ဆရာမလေးများကို မှာစရာရှိတာမှာပီးသည်နှင့် အရေးပေါ်ဆောင်သို့ ချက်ချင်းပြေးကာ အကျိုးအကြောင်းမေးမြန်းရပြန်သည် ...

" ကလေး က ဆော့ရင်း လှေကားကနေပြုတ်ကျတာတဲ့ မနေ့ကနေ့လည်က ဖြစ်တာ ခုချိန်ထိဆိုရင် ၂၃ နာရီလောက် ကြာသွားပီ
ကလေးက ဒီနေ့မှခေါင်းကနာတယ် လို့ပြောနေလို့ ခုဆေးရုံကိုလာ နေတယ် "

"မနေ့တည်းကသူတို့ အိမ်ကိုအထူး လှမ်းပင့်ထားတဲ့အင်္ဂလန်က ဦးနှောက် အာရုံကြော ပါရဂူကြီးလဲလေယာဉ်ဆိုက်တာနဲ့ ဆေးရုံကိုတန်းလာပါလိမ့်မယ် အဲ့ဒီပါရဂူကြီးကပဲဒီဆေးရုံကိုလာခိုင်းထားတာ သေချာဂရုစိုက်ပေးဖို့ ဆေးရုံအုပ်ကြီးမှာထားတယ် "

ဆေးရုံအုပ်ကြီးအမိန့်ဆိုတော့လဲ သူမတို့မှာ မရောက်သေးသည့် လူနာနှင့်ဆရာဝန်အတွက် လိုအပ်တာမရှိစေရန်ဦးနှောက်ဓါတ်မှန် ကအစ ပြင်ဆင်ထားရသည်....

လူနာ ခလေးမှာ အရင်ရောက်၍ စမ်းသပ်မှုများပြုလုပ်ပေးကြပီးနောက် ၂ နာရီမျှကြာသောအခါ ဆရာဝန်ကြီးရောက်လာ၍ စောင့်ဆိုင်းကြိုဆိုရပြန်သည်

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ခပ်သုတ်သုတ်လျှောက်လာသောခြေသံများ ကြောင့် သူမ သတိအနေထားပြင်ရင်း ခြေလှမ်းများကိုသာစိုက်ကြည့်နေလိုက်သည်

လှမ်းလျှောက်နေသောခြေထောက်များကြားမှ အသားနုရောင် ဘောင်းဘီရှည် ပြောင်လက်တောက်ပနေသော ရှူးဖိနပ်အညိုရောင်ဝတ်ထားသည့် ခြေထောက်တစ်စုံ သည် သူမရှေ့သို့အရောက် ခေတ္တမျှရပ်တန့်သွားသည်.....

မထင်မှတ်ထားသော သူမတသက်စာမေ့မရနိုင်သော သတိရတမ်းတဖူးသော အသံကိုကြားလိုက်ရသည်

ပန်းနုရောင်နှလုံးသား [𝙅𝙀𝙉𝙇𝙄𝙎𝘼] CompleteWhere stories live. Discover now