နောက်ရက်များတွင် ဂျင်းနီသည် အလုပ်ကိစ္စ ပြောလျှင်ပင် မျက်နှာချင်းမဆိုင် အောင်ရှောင်တိမ်းနေသဖြင့် လီဆာ တစ်ယောက်မချိတင်ကဲဖြစ်နေရသည် ........
ပါရဂူကြီးဟူသော သိက္ခာ ကြောင့်သာမဟုတ်လျှင် ဆေးရုံ တွင်းသာမျက်နှာမြင်ရသောသူမကို လက်ဆွဲပြေးကာ စကားတွေပြောပစ်မေးပစ်လိုက်ချင်သည် .........
ကိုယ့်ကို တကယ်ကို မုန်းတီးနာကျည်းနေတာလား ....
တကယ်ရောမေ့ပစ်နိုင်ပီလား .....
ကိုယ်တို့ အချစ်ပေါ်လက်လျော့လိုက်ပီလား ဂျင်းနီ...
ကိုယ်ကတော့ ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာတောင်ကိုယ်တို့အချစ်ကို ယုံကြည်နေတယ် တနေ့ မင်းနဲ့ပြန်တွေ့ပီး ကိုယ် တို့ သာယာတဲ့ဘဝလေး ထူထောင်ဖြစ်မယ်လို့ ......
ဂျင်းနီသည် ဂျူတီချိန်ပီးသည်နှင့် လီဆာနှင့်မဆုံစေရန် ဆေးရုံဝင်းအတွင်းမှလှည့်ပတ်ထွက်သည်.....
မုန့်လိုက်ကျွေးရန်ပူဆာထားသည့်ဝီလျံ ကို ဆေးရုံနှင့်အနီးဆုံး ဆိုင်တွင် သာ လိုက်ဝယ်ကျွေးရသည်ဆိုင်၏ချောင်ကျကျ နေရာတွင် အမြဲထိုင်လေ့ရှိသောသူမသည် ဆိုင် အပြင်ဘက်ဆီသို့ မျက်နှာမူကာထိုင်လိုက်မိသည်.......
ဆိုင်အတွင်း သို့ ဝင်လာသော စုံတွဲကြောင့် ခေါင်းကို ငုံ့ထားလိုက်ရသည် .....
ရှောင်ကာမှတည့်တည့်တိုးနေသည် ...
ဟင်း ..."မမ .....ကျွန်တော့ကို သတိမရဘူးလား .....ဆေးရုံမှာတာဝန်ကျမှပဲ မမမျက်နှာတောင်နေ့တိုင်းမတွေ့ရတော့ဘူး ...."
" အင်း "
"မမ ..ရော အလုပ်လုပ်ရတာအဆင်ပြေရဲ့လား ....ဟိုပါရဂူကြီးကရောသဘောကောင်းရဲ့လား "
"အင်း.....ကောင်းပါတယ်"
သူမသည် ဝီလျံနှင့်ပြောနေသော်လည်း လီဆာ သူမကိုမတွေ့စေချင်သဖြင့်စိုးရိမ်နေမိသည် .......
ကံကောင်းထောက်မစွာ လီဆာသည် သူမဘက်ဆီသို့ကျောခိုင်းထိုင်လိုက်သဖြင့် သူမကို မမြင်ရချေ....