"Lice...
ဟယ်နာသွား တော့မယ် ....ဒီတစ်ခါပြန်ပီးရင် Liceကို ဘယ်ချိန်မှပြန်တွေ့ရမယ် မသိသေးဘူး .....""ဟယ်နာ ပြန်ခါနီးနောက်ဆုံး အနေနဲ့ နှုတ်ဆက်တယ်နော် ......ကျန်းမာရေးလည်းဂရုစိုက်ပါ...."
ဟယ်နာ သည် သူမ မတွေ့ ကြုံခဲ့ဖူးရသော ငယ်ချစ်ဦးဟူသော...နှလုံးသားမှ ဖြူစင်သော...အချစ်ကိုလက်လျှော့ အရှုံးပေးကာ
သူမ ၏အနည်းငယ်သာကျန်ရှိသောဂုဏ်သိက္ခာတို့ ကို မပျောက်ပျက်စေရန် သူမ၏အချစ်တို့ကို မြှုပ်နှံပစ်လိုက်တော့မည်.......
လီဆာ့ကို သူငယ်ချင်းတယောက်အနေနဲ့သာ ပြုံးပြနှုတ်ဆက်ရင်း နောက်ဆုံးအကြိမ်အဖြစ် စက္ကန့် အနည်းငယ်မျှတင်းကျပ်စွာဖက်ကာနှုတ်ဆက်လျက် ထွက်ခွာခဲ့လိုက်သည် .......
နောက်တဘဝများရှိခဲ့သည် ဆိုပါလျှင် သူမ သည် လီဆာ့၏ ထာဝရ မေ့မရနိုင်သော ငယ်ချစ်ဦး ပထမဆုံး အချစ်ဦး ဖြစ်ချင်ပါသည် ....
နုပျိုငယ်ရွယ်မှုတို့ဖြင့် ဖြူစင်သော ချစ်ခြင်း ကို ခံစားခွင့် ရချင်ပါသည် .......ကမ္ဘာဦးအစ မှအဆုံးတိုင် ထာဝရတည်ရှိနေမည့် အမှန်တရားတခုတွင်
"""လူသားတစ်ယောက်၏ ဘဝတစ်သက်တာတွင် တကြိမ်တခါတော့ စစ်မှန်သော အဖြူရောင် ချစ်ခြင်းတရားကို ခံစားကြရပါမည် """""....
ထိုချစ်ခြင်းကို အဆုံးထိယုံကြည် ရန်သာလိုအပ်သည် ......
💞💞💞💞💞💞💞💞💞💞💞💞ဆေးရုံရှေ့တွင် ဖက်နေကြသော လီဆာနှင့် ဟယ်နာတို့ကို မြင်တွေ့လိုက်ရသည့် တခဏ ဂျင်းနီသည် အခိုးငွေ့ တခုအဖြစ်ဖြင့်သာ ပျောက်ကွယ် လိုက်ချင်သည် .....
သူမ သည် ဆေးရုံအုပ်ကြီးအား တစ်ခြားဆေးရုံသို့ စေလွှတ်ရန် တောင်းဆိုလိုက်ခြင်းမှာမှန်ကန်သည်ဟုသာ ထင်မိသည် .....
မနေ့တနေ့ကမှ သူမအား လာတောင်းရမ်းပါမည်ဟု တွင်တွင်ပြောနေသော ယောကျာ်းသည် အခုတော့ သူမ ပတ်ဝန်းကျင်တွင်ပင် မိန်းမတယောက်နှင့် ဖက်လို့ ......
သူမရဲ့ နှလုံးသားတို့သည် လွန်ခဲ့သော ၁၂ နှစ် လီဆာ ထားသွားကတည်း က အစိပ်စိပ်အမွှာမွှာကွဲကြေခဲ့ပီးပီလေ ........
ဒီတခါသာဆို နှလုံးသား တင်မက သူမ ခန္ဓာပါပျက်သုန်းရလိမ့်မည် .....
သူမကသာ ထားသွားခွင့် ကို တကြိမ်လောက်တော့ ရချင်ပါသည် .....