အပိုင်း ၉

1.8K 157 1
                                    


နားရက်ရတိုင်း သူမသည် မိသားစုများ ငယ်သူငယ်ချင်းများနှင့်သာ အချိန်ကုန်ဆုံးပီး အနားယူ​လေ့ရှိ​လေ သည်​ ....

"သစ်ရွက်လှုပ်တိုင်း ရင်မခုန်​တတ်​တော့​သလို ခဲမှန်ဖူး​သောစာသူငယ် ​လေးဖြစ်ခဲ့ဖူးပီ​လေ မိဂျင်းနီ "

သူမကိုယ့်ကိုယ်ကို သတိ​ပေး အားတင်းရင်း ​လီဆာ့အ​ကြောင်း​တွေးမိတိုင်း ကြိုးစား​မေ့​ဖျောက်ပစ်သည်....

သူ့ကို​ပြန်တွေ့ခဲ့လျင် နာကျည်းစွာလက်စား​ချေပစ်မည် ....
ထုရိုက်ပစ်မည်.....
စကားကြမ်းများ​ပြောပစ်မည်ဟု ​ကြုံးဝါး ခဲ့ဖူး​သော်လည်း ယခု​တော့ သူ့ကို​တွေ့တာနှင့် ရန်လုပ်ဖို့ ​ဝေးစွ.....
တဒိန်းဒိန်းခုန်ကာ တထွန့်ထွန့်လူး​နေတတ်​သော သူမ၏ သစ္စာ​ဖောက်နှလုံးသား ​လေးကို မယုံကြည် ​ချင်တော့​......
ဝေး​ဝေးရှောင်​နေခြင်းသည်သာ သူမ ထပ်ပီး မနာကျင်ရ​တော့မည့် အ​ကောင်းဆုံးနည်းဖြစ်​ကြောင်း တွက်ဆ မိလာ​လေသည် ..

လီဆာ ထားသွား သည့်​နောက်မှစ၍ သူမနားရက် တိုင်း လိုလို မအားသည့်ကြားမှသူမထံ ​မ​ရောက်​ရောက်​အောင် အလည်လာ​ပေးတတ်​ကြသော ငယ် သူငယ်ချင်းများကိုလည်း မ​ပြောပြရဲ ....
​ပြောပြလိုက်လျှင်လည်း သူမကိုထားသွားသည် လီဆာ့ကို ပစ်တင် ကျိန်ဆဲရင်း အတင်း​မေ့ပစ်ခိုင်းကြမည်သာ ......

ယခုဆိုလျှင် မေနမ် မှာဘွဲ့ရပီးကတည်းက ပုဂ္ဂလိက ​​ဆေးရုံတခုတွင် သူနာပြု လုပ်​​နေသည်......
လက်ထပ်ဖို့ ရည်ရွယ်ထားသူလည်း ရှိ​နေပီဖြစ်သည်

ယွန်နေး က​တော့ ဘွဲ့ရပီးကတည်းက အရင်ထက်ပို ဝလာပီး အိုးမကွာ အိမ်မကွာ စက်ချုပ်ဆိုင်ဖွင့်ထား​သည်.....
တကိုယ်တည်း အပျိုကြီးပီပီ အစား​သောက်သာ ပထမဖြစ်လေသည်

အားလုံးထဲတွင် ရည်းစားများ​သော အိုင်းရင်း က​တော့ ဆယ်တန်း ၃ ကြိမ်​ဖြေဆို​ရာ မ​အောင်မြင် ​​သော်လည်း အိမ်​ထောင်သည် ဘဝ စာ​မေးပွဲ ကို​တော့ သားနှစ်​ယောက်တည်းဟူ​သော ဂုဏ်ထူး ၂ ခုနှင့်​​အောင်မြင်​နေ​လေသည်
မိဘ၏အရိပ် သူငယ်ချင်းများ၏​ ခင်မင်မှုတို့​အောက်မှာ သူမ​အေးချမ်း​နေတတ်ပီ​လေ

ပန်းနုရောင်နှလုံးသား [𝙅𝙀𝙉𝙇𝙄𝙎𝘼] CompleteWhere stories live. Discover now