အပိုင်း ၄

2.1K 166 5
                                    


"ဟန်းထယ်..... ဟန်းထယ် " 

​ဟော သူတို့လာပီ သူမသည် အိမ်​ရှေ့ဆီမှကိုကို​နာမည်ခေါ်သံကြား သည် နှင့် ကြက်​မွေး​လေး အ​ပြေးကိုင်ကာ အိမ်ရှင်းဟန်​ဆောင်ရင်း သူတို့ကို မသိမသာ ခိုးကြည့်ရ သည်မှာ အလုပ်တခုလို ပင် ....

ဆယ်တန်း စာ​မေးပွဲ​တွေပီးကတည်းက ​​​​ဘောလုံးကန်ရန် ​ကိုကို ကို နေ့စဥ်နီးပါးလာ​ခေါ် သဖြင့် သူမအတွက်အလွမ်း​ပြေစရာ ည​နေ​ခင်းလေးများကို ရရှိ​လေသည် ..

သူ့ကို ​တွေ့တိုင်း (သူကမသိ​သော်လည်း) ​ခြေဖျား လက်ဖျားများ ​အေးစက်မြဲ ..

တဒိန်းဒိန်းခုန်ဆဲ ပန်းနု​ရောင်နှလုံးသား​လေးတို့သည် သူမအတွက်​တော့ ပန်းနု​ရောင်အပြုံး များ၏မြစ်ဖျားခံရာသာ...

တခါတရံများ လီဆာက သူမကို ​တွေ့ ၍ ပြုံးပြ​သွားသောရက်များတွင် သူမသည် အသံတိတ် ဆိတ်သွားစွာ ည​နေစာထမင်းကိုပင်မည်သို့ စားလိုက်သည်မသိ  မြင်မြင်သမျှ သူမအတွက်   ​ပျော်စရာအတိ   ပန်းနု​ရောင်အပြုံးများ ​ဝေလျက် ....

" ဟဲ့ သမီးငယ် မိ​ဂျင်းနီ  ​မေ​မေ ​ ​ပြောတာမကြားဘူးလား ....​ကောင်မ​လေးက​တော့​လေ ဘယ်လိုဖြစ်​နေမှန်းမသိဘူး ...တချိန်လုံး ပြုံးစိစိနဲ့ နင့်အ​ဖေ​တွေ့ရင် မလွယ်ဘူး​နော် "

​မေ​မေခိုင်းတာ မကြားမိ၍ ​​မေ​မေ ကသူမကို အပြစ်တင်သည်

ခုချိန်များ​တော့ ​ဖေ​ဖေဆူ​တောင်မ​ကြောက်​ပေါင် ..

သစ်ရွက်က​လေး​တွေလှုပ်တာ​တောင် သူ့ အ​ကြောင်း​တွေးမိ ပီး ရင်ခုန်သံမြန်လာတတ်တာကို ...

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

သူမတို့ ၉ တန်း စတက်ပီး  ၂ လ​ကျော်ခန့်အကြာ ကိုကို တို့​ဖြေထား​သော ၁၀ တန်း ​အောင်စာရင်းများထွက်သည်....

ကိုကို က 3D သာပါပီး ကိုဆန်းဝူက​တော့ ရိုးရိုး​အောင်သည် ...သူမတို့ ​ကျောင်းမှတ​ကျောင်းလုံးတွင် လီဆာ တ​ယောက်သာ ဘာသာစုံဂုဏ်ထူးပါသဖြင့်   ​မေ​မေ တို့ကအစ သူမတို့ကို အတုယူဖို့ချည်း ​ပြော​နေသည် ....

ဒီတော့လဲ သူမ အတွက်  အကြံထုတ်ရ​လေ​တော့သည် ...
"​မေ​မေ ​ဖေကြီးကို​ပြော​ပေးပါလား  သမီး စာသိပ်မလိုက်နိုင်လို့ စာကူကျက်​ပေးမဲ့ ဂိုက်လိုချင်လို့ "

" ဟဲ့ နင့်အကို ဘယ်သွားထားမလဲ ...သူ့ကိုသင်ခိုင်း​လေ ."

"ဟာ ​မေ​မေလဲ သိသားနဲ့ ကိုကိုက သမီးကိုစိတ်ရှည်တာမဟုတ်ဘူး ပီး သူစာရှင်းတာလဲ နားမလည်ပါဘူး ....​နော် ​....မေ​မေ... ​နော် လို့ ""

​သူမရဲ့ မနားတမ်း ပူဆာမှု​ကြောင့်​ရော ကိုကို နှင့် သိကျွမ်းသည့် လီဆာ ကို ယုံကြည်တာ​ကြောင့် ​ရော ၉ တန်းနှစ်သည် ၁၀ တန်း အတွက် အ​ခြေခံဖြစ်​တာ​ကြောင့်​ရော ​နောက်ဆုံးတွင်​တော့ ​ ည​နေ ၆ နာရီမှ ၈ နာရီ ထိ ​ သူမကို လီဆာ က စာပြ​ပေးရန် အကူညီ​တောင်း​ပေး​လေသည်  ...

သူမတို့ စာသင်တိုင်း ​မေ​မေ သည် မနီးမ​ဝေး မှ(တခါတရံ အိမ်အလုပ်ပင်ပန်း၍ အိပ်ငိုက်လျက်) ​စောင့်​ကြည့်​ပေးကာ ​ကော် ဖီ​လေး ​ဖျော်တိုက်လိုက် အသီး​လေးခွဲ​ပေးလိုက်နှင့် သူမအတွက် ကြိုးစား​ပေး ရှာသည် ...

💖💖💖💖💖💖💖💖💖💖💖💖

သူမက​တော့ နတ် ပန်း ဥယျာဥ်ကြီးထဲ​ရောက်​နေသလို ဒိန်း တပ်တပ် ဒိန်းတပ်တပ်နှင့် ကုလားဘုရားပွဲလှည့်​နေသလို ​နေ့ရက်တိုင်းကို ရင်ခုန်စွာ ဖြတ်​ကျော်ရင်း စာသင်ချိန်တိုင်း သူ့မျက်နှာကို ခိုးကြည့်ရသည်မှာ   ​ပြောပြစရာ စကားလုံးများပင်ရှာမ​တွေ့ ......​ပျော်စရာ ပန်းနု​ရောင်​နေ့ရက်များသာ....

💓💓💓💓💓💓💓💓💓💓💓💓

ဟန်းထယ် ကို ​ဘောလုံးကန်ရန် ​သွား​ခေါ်တိုင်း သူကိုယ်တိုင်ပင်မသိလိုက်စွာ သူမရှိ​နေမည့် အိမ်ဘက်ဆီသို့ တချက်မျှ ​ဝေ့ကြည့်မြဲ ......

သူမကို​တွေ့လိုက်ရချိန်တွင် အ​ကြောင်းပြချက်မရှိ သူ ပြုံးမိမြဲ ....ခု​တော့ သူမကို စာသင်​ပေးပါဟု​တောင်းဆိုလာသည် ...

သူရဲ့ ဂုဏ်သတင်း​ကြောင့် ​အောင်စာရင်းထွက်ပီးကတည်းက စာသင်​ပေးရန် လာ​ပြောကြ​သော်လည်း အင်းမလုပ် အဲမလုပ်မိ

ခုကျ​တော့ မှလိုလိုလားလား လက်ခံ လိုက်သည့် သူ့ကို ​မေ​မေ က အကဲခတ်ကာကြည့် ​နေသည်ကို မသိကျိုးနွံ ပြု လျက်  စိတ်လှုပ်ရှားမိစွာ ၉ တန်း စာများ ပြန် ဖတ်​နေမိသည် ..

ပန်းနုရောင်နှလုံးသား [𝙅𝙀𝙉𝙇𝙄𝙎𝘼] CompleteWhere stories live. Discover now