နွေရာသီကျောင်းပိတ်ရက်များကုန်ဆုံးချိန်သည် လျင်မြန်စွာရောက်ရှိလာခဲ့သည်
.....
သူမတို့ကျောင်းတည်ဆောက်ပုံမှာအဂ်လိပ်အက္ခရာ C ပုံသဏ္ဍန် ထောင့်ကွေး ၂ ခုပါသည့် နှစ် ထပ်ဆောင် ဖြစ်သည် ...ကိုကို တို့ သူငယ်ချင်း ၃ ယောက်လုံး ၉ တန်း A ခန်းတွင် အတူတက်ခွင့်ရသည် .....
ကျက်စာအားနည်းသောသူမကတော့ ၇ တန်း B ခန်းတွင်သာ သူမ၏မူလတန်းတည်းကခင်မင်ခဲ့ကြသော အိုင်းရင်း..မေနမ် နှင့် ယွန်နေး တို့နှင့်အတူ တက်ခွင့်ရသည် .....
တိုက်ဆိုင်စွာပင် သူမတို့ အခန်း၏မျက်နှာချင်းဆိုင်အဆောင် အပေါ်ထပ်အခန်းမှာ ကိုကို တို့အခန်းဖြစ်သောကြောင့် မုန့်စားဆင်းချိန်တွင် ဝရံတာ၌ စကားဖောင်ဖွဲ့လျက်ရှိသော ကိုကိုတို့ သူငယ်ချင်းတစုကို တခါတရံလှမ်းမြင်ရလေသည်...
သူမ၏ ပန်းနုရောင်နှလုံးသားလေးသည် ပထမအစမ်းစာမေးပွဲပြီးသွားချိန်တွင်တော့ တခန်းလုံးတွင် ပထမရလေသည်....
စာတော်ပီးရုပ်ချော သော ကျောင်းသားတယောက်အဖြစ် သူ့အနား..အတန်းတူသူရော ၁၀ တန်းကပန်းလေးများကပါ မသိမသာရစ်ဝဲနေတတ်သည်....
ဂျင်းနီအတွက် အမည်မသိခံရခက် သောဝေဒနာတရပ် ကြိတ်မှိတ်ခံစားနေရသည်......
သူမ၏ပျက်ယွင်းနေသောအမူရာကြောင့် သူငယ်ချင်းများကအတင်းမေးသဖြင့် မလိမ်ညာတတ်သော စကားချိုသည် သူမရဲ့သောကများကို မျှဝေမိလေသည် ...
ထိုနေ့မစတင်၍ အားကိုးရသောသူငယ်ချင်းများကစနောက်ကြသော်လည်း လီဆာအကြောင်းသိရသမျှသတင်းပေးကြသောကြောင့် ကိုကို.ကို မမေးရဲသောသူမ လီဆာအကြောင်းတော်တော်များများသိခွင့်ရလေသည်.....
🧚♀️🧚♀️🧚♀️🧚♀️🧚♀️🧚♀️🧚♂️🧚♂️🧚♂️🧚♂️🧚♂️🧚♂️
"ဟဲ့ ..ဂျင်းနီ...သူကတဦးတည်းသောသားတဲ့ဟ သူ့အဖေကအရမ်းတော်တဲ့ ဆရာဝန်ကြီးတဲ့ တို့မြို့နယ်မှာတာဝန်ကျလို့ပြောင်းလာတာမကြာသေးဘူးတဲ့ သူ.အမေကအရမ်းချောပီး ဟင်းချက်လည်းကောင်းမှကောင်းတဲ့ ငါ့အမေပြောနေတာကြားခဲ့တာ"
ဟူ၍တမျိုး
![](https://img.wattpad.com/cover/281090900-288-k751944.jpg)