ဆေးရုံအုပ်ကြီးတောင်းဆိုသောကြောင့်သာ VIP ကလေးငယ် အခန်းကိုသွားရသော်လည်း နာကျည်းမုန်းတီးမိသောလူတယောက်ကို ဘာမှလဲမပြောနိုင် မလုပ်နိုင်သည့်ပြင် သူနဲ့အတူ အလုပ်ပါတွဲ လုပ်ရမည့်အတွက် သူမ စိတ်ရှုပ်မိသည် ......💭ဘာတတ်နိုင်မှာလဲ ဂျင်းနီ အလုပ်ကအလုပ်ပဲပေါ့ ငါကသာသူ့ကို နာကျည်းမုန်းတီးနေမိတာ
သူ့အတွက်တော့ ငါက အရေးမပါတဲ့ အတိတ်ပုံရိပ်လေးတခုသာပဲ
၁၂ နှစ်ကြာမှပြန်တွေ့တာတောင် သူကတော့ နှုတ်ဆက်စကား ကိုတောင် ဘာမှမဖြစ်သလို ပြောသွားနိုင်တာပဲလေ
ငါသာသည်းခံပီး ဒီရက်ပိုင်းလေးကို ဖြတ်ကျော်နိုင်ခဲ့ရင် အားလုံး အဆင်ပြေပြေပီးသွားမှာပါ 💭
သူမ ကိုယ့်ကိုယ် ကို အားတင်းကာ လူနာကလေးအခန်းသို့ သွား ရာ သူ့ကို မတွေ့ရသဖြင့် စိတ်သက်သာမိသည် .........
နေ့လည် ၂ နာရီလောက်မှသာ သူရောက်လာပီး ကလေးကို စစ်ဆေးစမ်းသပ်သည်
ကလေးငယ်မှာသက်သာနေပြီဖြစ်သော်လည်း မိဘများကစိတ်ချရအောင် ဆေးရုံမှာဆက်ထားချင်သောကြောင့် တစ်ပတ်လောက်ဆက်ထားရမည် ဖြစ်သည်သူနှင့် အတူ ဟယ်နာ လည်းပါလာပီး အခန်းထောင့်ရှိစားပွဲတွင် ထိုင်ကာ လီဆာ့ကိုသာ အရိပ်တကြည့်ကြည့် ကြည့်နေလေသည်
ဂျင်းနီ လီဆာ့ထံမှညွှန်ကြားချက်များကို နောက်နားဆီမှ ခပ်ခွာခွာ လိုက်ကာရေးမှတ်ရင်း တိတ်ဆိတ်နေမိသည်
" ဂျင်းနီ "
"ဟုတ်ကဲ့ "
"ဘာလို့ ဒီကလေးကို တခြားဆရာဝန်နဲ့လွှဲရတာလဲ "
" ဟို ကျွန်မ နားရက်မို့ပါ"
"ဟိုနေ့က အစည်းဝေးကိုရော ဘာလို့မလာတာလဲ"
"ကျွန်မလာပါတယ်"
"ကိုယ်မတွေ့ပါဘူး"
"ဟို ......ကျွန်မ........"
"အော်.......လီဆာကလဲ ဘာတွေမေးနေတာလဲ ....အစည်းဝေးမှာလူတွေအများကြီးကို သူ့ကို တွေ့စရာလား "