Chapter 19: ကျွန်းငယ်လေးစုမင်မတ်ဆေ့ခ်ျရရှိပြီးနောက် ရာစုသစ်ရုပ်ရှင်ရုံသည် အမြန်ပင် ဒီအကြောင်းကို ကြေညာလို့ ဖြစ်နိုင်မလားလို့ မေးမြန်းလာတယ်။
စုမင် သိချင်စိတ်ဖြင့်မေးတယ် .."ကြေညာမယ်? ဘာလို့ခင်ဗျားတို့ကြေညာချင်ရတာလဲ?"
တာဝန်ရှိသူက .."နောက်ဆုံးတစ်ခေါက်က ခင်ဗျားအောင်မြင်ထားလို့ ... ကျွန်တော်တို့ဘက်က ခင်ဗျားနာမည်သုံးပြီး စန်းတင်ချင်လို့ပါ။ အကယ်၍ မစ္စတာစု ပထမအကြိမ်အောင်မြင်ခဲ့ရင် ကျိန်းသေပေါက်ဒုတိယအကြိမ်လည်းအောင်မြင်မှာပဲ..."
စုမင်တိုက်ရိုက်တားလိုက်တယ် .."မလုပ်နဲ့ ... ကြေညာမတင်နဲ့"
ဒီပရိုမိုးရှင်းအစီအစဉ်သာ ဆက်သွားမယ်ဆိုရင် လူသိများကျော်ကြားတဲ့သူဖြစ်ချင်နေလို့ ထင်ကြလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ... သူအန်တာတိန်းမန့်လုပ်ငန်းတွေကို ဝင်ဖို့ နည်းနည်းလေးတောင်စိတ်ကူးမရှိပေ။ သူလုပ်ချင်တာဆိုလို့ ရုပ်ရှင်ကြည့်ချင်ရုံလေးသာ ... ဒါပဲ။
တစ်ဖက်လိုင်းက တော်တော်နောင်တရစွာဖြင့် .."ဟုတ်ကဲ့ပါ ... အားလုံးက မစ္စတာစုရည်ရွယ်ချက်အတိုင်းဖြစ်လာစေရပါမယ်။ မူလက ကျွန်တော်တို့က ပရိသတ်တွေကိုဆွဲဆောင်ချင်ခဲ့တာ ... ဒါပေမယ့် မစ္စတာစု ဆန္ဒမရှိမှတော့ ကျွန်တော်ဒီတိုင်းထားလိုက်ပါမယ်"
ကြောင်တောင်တောင်အမူအရာဖြင့် စုမင်ပြော၏ .."မလိုပါဘူး"
ဒါတောင် လူထုကိုကြေညာလိုက်ရင်နောက်တစ်ဖန် စာအုပ်ဝါအသစ်တွေ ထွက်လာမှာ သူစိုးရိမ်သည်။
မီးတောက်မီးလျှံကို ငြိမ်းရန် အလွန်ခက်ခက်ခဲခဲစောင့်ပြီးမှ သူနောက်တစ်ခါမမွှေချင်ပေ။
တာဝန်ရှိသူက လျင်မြန်စွာပင် စီမံအုပ်ချုပ်ရေးဆီ အကြောင်းကြားပြီးနောက် လက်မှတ်အတွက် သူ့အိုင်ဒီမေးသည်။ရာစုသစ်ရုပ်ရှင်ရုံက ယုံကြည်လို့ရသေးတယ် ... စုမင် ရုပ်ရှင်အသစ်ဖြစ်သော 'လူသတ်ကျွန်း' ကိုသွားကြည့်ရှုမည့် သတင်းမပေါက်ကြားခဲ့ပေ။
ထုတ်လွှင့်မည့်နေ့မတိုင်မီ စုမင်နေ့ရက်တွေက ပုံမှန်ပင် ... တစ်ခါတရံ လူသတ်ကျွန်း၏ ဇာတ်ညွှန်းဇာတ်ကြောင်းတွေကိုလည်း စုံစမ်းရှာဖွေခဲ့သည်။
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...