Chapter 56

3.2K 744 39
                                    


Chapter 56: Easter Egg

ရုပ်ရှင်ထဲကမထွက်ခွာခင် ဇာတ်ရုံတစ်ခုတည်း၌ ဝေဖန်ရေးသမားများနဲ့ မီဒီယာများရှိခဲ့သည်ကို စုမင်သတိရသွားသည်။ သူ့မျက်လုံးများဖွင့်လိုက်စဉ်တပြိုင်နက် အခန်းထဲတွင် သူတစ်ယောက်တည်းမဟုတ်လောက်ဘူးလို့ ခံစားမိသည်။

အမှန်တကယ် သူတစ်ယောက်တည်းမဟုတ်ခဲ့ပေ။

သူ့မျက်လုံးများဖွင့်လိုက်သည့်အခိုက်တန့် သူ့ရှေ့တွင် ထိုင်နေသောလူအုပ်စုကြီးကို‌တွေ့လိုက်ရတယ်။ တိရစ္ဆာန်ရုံမှ အော်ရန်အူတန်လူဝံတစ်ကောင်ကို အကဲခတ်နေသကဲ့သို့ သူ့ကိုစူးစိုက်ကြည့်နေကြ၏။

သူ့ရှေ့တည့်တည့်ရှိ ညာဘက်ခြမ်းက လူတစ်ယောက်သည် .."သူနိုးလာပြီ ... ဒီအချိန်လောက်ဆို မူရင်းဇာတ်လမ်းကြာချိန်နဲ့ အတူတူလောက်ပဲ ... သူအဆုံးထိအသက်ရှင်ခဲ့တာဖြစ်နိုင်ချေရှ်တယ်"

ဘယ်ဘက်မှ လူက .."တဆိတ်လောက် ... အဆုံးထိဘယ်လိုအသက်ရှင်နိုင်ခဲ့လဲ ဒီကလူငယ်လေးကိုမေးလို့ရမလား? အသေးစိတ်အချက်အလတ်အချို့လောက်ထုတ်ပြောလို့ရနိုင်မလား?"

စုမင်လက်နှစ်ဖက်တစ်‌လျှောက်လုံး ကျက်သီးမွှေးများတဖြန်းဖြန်းထသွားသည်။
ထို‌ရုပ်ရှင်ဝေဖန်ရေးသမားများက တကယ်တော့ မေးခွန်းအချို့မေးမြန်းရန် သူထွက်လာမယ့်အချိန်ကို‌စောင့်နေသော်လည်း သူကအလွန်ကြာလွန်း၍ သူတို့အင်မတန်အိပ်ငိုက်လာခဲ့ကြသည်။

သူ့ခေါင်းဆောင်းကို အမြန်ချွတ်ပြီး နေရာမှထရပ်လိုက်သည်။

"ဒီကလူငယ်လေး သွားတော့မလို့လား? အဆုံးထိဘယ်လိုအသက်ရှင်ခဲ့လဲ ကျုပ်တို့ကိုပြောပြနိုင်မလား? ကျုပ်တို့ဆွေးနွေးနိုင်တယ်…….."

ဇာတ်ရုံထဲမှ မီးများပွင့်လာပြီး ပိတ်ကားချပ်ကြီးပေါ်တွင် ဇာတ်သိမ်း၌ ပါဝင်သရုပ်ဆောင်သူများ၏စာရင်းကို မှတ်တမ်းတင်ထားသည်ကို စတင်ပြသလာသည်။

စုမင်ကြည့်ရှုဖို့စိတ်မပါပေ။ သူလျင်မြန်စွာ ရှပ်တိုက်လျှောက်သွားပြီး သူ့နောက်လိုက်လာတဲ့သူတွေကို မသိကျိုးကျွန်ပြုလိုက်၏။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now