Chapter 2: လူသေအလောင်း
ယောက်ျားတစ်ယောက်တင်ပါးကို ဖျစ်ညှစ်တယ်ဆိုကတည်းက ဒီသရဲက အလွန်အမင်းဆိုးရွားပုံရသည်။
စုမင် ရေချိုးခန်းတံခါးခုံပေါ် ကျလုနီးပါးပင် ... သူ ဖြစ်နိုင်သမျှ ရေချိုးခန်းနဲ့ ဝေးဝေးထွက်သွားချင်တာကြောင့် ဖယောင်းတိုင်မှုတ်ဖို့ မေ့ခဲ့သည်။
သူထွက်ခွာသွားပြီးနောက် ဖယောင်းတိုင် ချက်ချင်းပျောက်သွား၏။
ကလစ်အသံကို ကြားရပြီး စက္ကန့်ပိုင်းအတွင်း အခန်းထဲ၌ မီးလင်းထိန်သွားသည်။ လင်းထိန်သည့်ဒဏ်ကို မခံနိုင်စွာ စုမင် သူ့လက်ကိုမြှောက်ရင်း မျက်လုံးများကိုဖုံးကာလိုက်သည်။ သူ့နှာခေါင်းထိပ်အစွန်အဖျားတွင် ချွေးအေးအေးအနည်းငယ်စိမ့်ထွက်နေသည်။
အမြောက်စာဇာတ်ကောင်အနေနဲ့ ... သူရေချိုးခန်းထဲမှာ သေသွားရမှာ ... ဒါပေမယ့် ထူးခြားစွာ သူအသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။
သူ့အခန်းဖော်နှစ်ယောက်က အပြင်၌ စောင့်နေကြသည်။
သူတို့သုံးယောက်အနက်မှ စုမင်ဇာတ်ကောင်သည် နှလုံးသားအပျော့ညံ့ဆုံးနှင့် လိုအင်ဆန္ဒအနည်းဆုံးသူဖြစ်သည်။ ရလဒ်ကတော့ သူတို့သဘာဝလွန်ဂိမ်းတွေ ကစားကြရင် သူ့ဇာတ်ကောင်ကပစ်မှတ်ဖြစ်လာတယ်။
ဒီနေ့ ... အတန်းထဲက မိန်းကလေးထံမှ 'ကျေးဇူးပြု၍ဂျင်းရှင်း'အကြောင်းကို နားစွန်းနားဖျားကြားခဲ့သည်။ မိန်းကလေးများရဲ့စိတ်ဝင်တစားစပ်စပ်စုစု ပြောနေကြတော့ သူတို့လည်း တစ်ခါလောက် ကစားကြည့်ချင်လာကြသည်။
စုမင် အခန်းပတ်လည်ကို ဝှေ့ကြည့်ပြီး ဒီမှာ သူအပါအဝင် လူသုံးယောက်ပဲရှိတာ တွေ့လိုက်ရတယ်
"နောက်တစ်ယောက်ရော?""ညနေက သူ့နတ်ဘုရားမကို သွားရှာမယ်ပြောခဲ့တာဆိုတော့ ... ဒီညသူအပြင်မှာ အိပ်မယ့်ပုံပဲ" လင်းယိကျီမတွေးဘဲ ပြောသည်။ "မင်းရဲ့ တခြားတဘက်တွေ့ခဲ့လား?"
ဒါသူတို့စိတ်အဝင်စားဆုံးပဲ။
စုမင် မဖြေ ... ထိုအစား သူ့ကိုယ်ခန္ဓာမှ ညအိပ်ဂါဝန်နီကိုသာ ငုံ့ကြည့်ပြီး မေးလိုက်တယ် .."ငါဘာလို့ မိန်းမညအိပ်ဂါဝန်ဝတ်ထားတာလဲ?"
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...