Chapter 37: ကွန်းမန့်ရုပ်ရှင်၏နိဒါန်းသည်သိပ်မရှည်တာမို့ မကြာခင် ရုပ်ရှင်စတင်လေပြီ။
အစပိုင်း၌ အလွန်တည်ငြိမ်ကာ လှေသင်္ဘောပေါ်၌ သူတို့စကားတပြောပြောသာရှိပြီး နာရီအနည်းငယ်ကြာသည့်အချိန်ကို မိနစ်ပိုင်းသာကြာသော အပိုင်းငယ်အဖြစ်ဖြတ်ထားသည်။
အလှမ်းကွာဝေးသောကျွန်းပေါ်လာသည့်အချိန် ပေါက်ပေါက်ဆုပ်စားနေသောအသံများလျော့ကျသွားတာ စုမင်သတိပြုမိ၏။
အန္တရာယ်ရှိသောတစ်ခုခုပေါ်လာတော့မည်လို့ သူတို့စိတ်ထဲထင်နေကြစဉ် ဖားပြုပ်တွေသာတွေ့လိုက်ရသည်။
သဘာဝကျစွာ မိန်းကလေးများကမနှစ်သက်ဘဲ တိတ်တဆိတ်မကျေမနပ်ညည်းညူကြတယ် .."အဲ့ဒါအစစ်လား အတုလား? အစစ်ဖြစ်လောက်လား?"
စုမင်ဖုန်းက vibrateပြောင်းထားတာမို့ လီဝမ်ရှင်းထံမှ စာတိုရရှိနိုင်သည်။
နောက်ပိုင်းများက ပုံမှန်အတိုင်းဖြစ်ပြီး အသားကင်သည့် ထိုညကအဖြစ်အပျက်အထိ ဆက်လက်ဖြစ်ပွားနေခဲ့သည်။
ရုပ်ရှင်ထဲ၌ အဝေးမှ ယောက်ျားတစ်စုက သူတို့ကိုစူးစိုက်ကြည့်နေသည်ကို စုမင်မြင်ခဲ့သည်က ဒီကျွန်းမှာတစ်ခုခုမှားယွင်းနေတယ်လို့ ပရိသတ်တို့ကိုခံစားမိစေသည်။
ငါးဝမ်းဗိုက်ထဲမှ လက်ချောင်းပြတ်ပေါ်လာချိန် တညီတညွတ်တည်းထိတ်လန့်ကြောက်ရွံ့ခြင်းများ ရှိခဲ့သည်။
အရင်တုန်းက တော်တော်ကြောက်စရာကောင်းတဲ့ကြောက်စရာရုပ်ရှင်တွေ ရှိခဲ့တယ်၊ ဒါပေမယ့် သူတို့က ဒီလိုအရိပ်အမြွတ်ကိုသုံးခဲပြီး ဤကဲ့သို့သောမြင်ကွင်းကို မြင်လိုက်ရသည်မှာ အတော်ပင်လန်းဆန်းသွားခဲ့သည်။ အထူးသဖြင့် အန်ကယ်ဟဲအပြုံး၏ခင်မင်မှုပြီးနောက်ပေါ့။
ပထမဆုံးသူတို့ထင်ခဲ့တာက အန်ကယ်ဟဲနဲ့အခြားသူတွေက လူတွေသတ်ပြီး ငါးစာကျွေးသည်ဟုပင်။
အရှေ့မှ လူတစ်ယောက်ရေရွတ်၏ .."အစက သူတို့အကုန်သေမယ် ငါထင်တာ ဒါပေမဲ့နောက်ပိုင်းသူတို့အားလုံးအဆုံးထိအသက်ရှင်တယ်လို့မှတ်မိသွားတယ် ... သူတို့ပြန်တိုက်ခိုက်နိုင်ခဲ့တာလား?"
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...