Chapter 14: စကားများငြင်းခုံခြင်းလင်းရှောင်ယန်ပြေးထွက်သွားသည်မှာ အလွန်လျင်မြန်ကာ မျက်စိတစ်မှိတ်အတွင်း သူမအရိပ်ပင်ပျောက်သွားသည်။
မနေ့ညက အက်ဆီးဒင့်ကိုသတိပြန်ရမိ၍ စုမင်ချက်ချင်း ကုတင်မှထလာသည်။
လင်းယိကျီကိုလည်း လှုပ်နှိုးလိုက်လေသည်။ ဒီကနေ တစ်ယောက်တည်းသူထွက်သွားခဲ့ရင် ... horrorရုပ်ရှင်အရ သူ့ကို ကံကြမ္မာအဖြစ်ဆိုး စောင့်ကြိုနေလိမ့်မယ်။
လင်းယိကျီနိုးလာပြီး .."ဘာ ဘာဖြစ်တာတုန်း?"
စုမင်ဖိနပ်ဝတ်ရင်း ဖြေတယ် .."လင်းရှောင်ယန်အပြင်ထွက်သွားတယ်"
သူနဂိုတွေးခဲ့တုန်းက ဒီညအိပ်မပျော်လောက်ဘူးလို့ ... ဒါ့ကြောင့်အင်္ကျီတောင်မလဲထားပေ ... သူတကယ်အိပ်မောကျသွားမယ်လို့ ဘယ်သူထင်မှာလဲ?
စုမင်နှလုံးသားထဲတွင် ရှုပ်ထွေးနေလေတယ်။ လင်းရှောင်ယန်က ရုံးဌာနအဆောက်အဦးဆီ ဦးတည်သွားတာဖြစ်နိုင်တယ်။
လင်းယိကျီသည် အစကတည်းကအဝတ်လဲထားပြီးသားမို့ လင်းရှောင်ယန်နောက်ကိုမလိုက်ခင် ဖိနပ်ဝတ်ရုံသာ ...
သူတို့နှစ်ယောက်အပြင်ထွက်လာချိန် သူမအရိပ်အယောင်တောင် မမြင်ရတော့ပေ။
ည၁၁အချိန် ... တိတ်ဆိတ်ငြိမ်သက်သော လမ်းမထက်၌ လမ်းမီးထွန်းလင်းနေ၏။ တစ်ခါတရံ လူတွေ့ရပေမယ့် သူတို့အဖော်တွေနဲ့ပင်။
အမျိုးသမီးအဆောင်ကထွက်လာတဲ့ စုမင်နဲ့ လင်းယိကျီတို့ကိုတွေ့တော့ ရှော့ခ်ရသွားကြသည်။
"အရင်ရုံးဌာနဆီသွားရအောင်" စုမင်ပြောတယ်။
"ဖြတ်လမ်းသုံးကြမယ်" မမျှော်လင့်ဘဲ လင်းယိကျီအကျိုးရှိတဲ့စကားပြောလာတယ်။ "အချိန်တိုအတွင်း ရုံးဌာနဆီတိုက်ရိုက်သွားတဲ့လမ်း ငါသိတယ်"
"ငါတို့လမ်းမပျောက်စေနဲ့" စုမင်သင်္ကာမကင်းစွာပြော၏။
"ငါတို့ သူမထက်တောင်စောရောက်ရင် စောရောက်မှာ" လင်းယိကျီပြောတယ်။
သူပြောခဲ့သည့် လမ်းတိုသည် အဓိကလမ်းမကိုသုံးရမှာ အလွန်ပျင်းတဲ့ကျောင်းသားတွေ ဖန်တီးထားတာဖြစ်တယ်။ အခုတလော ကျောင်းသားတွေလည်း နေ့အချိန် ထိုလမ်းကိုအသုံးပြုကြသေးတယ်။
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အ...