Chapter 121

763 108 6
                                    


Chapter 121: အသားအရေ

အခန်းကျဉ်းလေးသည် အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး ရှဟဲယင်းအသံတစ်သံကိုသာကြားရပေသည်။

မူလတွင် သူမ အိပ်ချင်မူးတူးဖြစ်နေသော်လည်း ချက်ချင်းဆိုသလိုနိုးကြားသွားသည်။ သူမ လှည့်ကြည့်လိုက်တော့ ဘေးတွင် ဘယ်သူမှမရှိပေ။

ရှဟဲယင်း ခြုံစောင်ကိုဆွဲဖယ်ကာ ရေချိုးခန်းထဲပြေးဝင်ပြီး ရှာသော်လည်း ဘယ်သူမှမရှိပေ။ စုန့်နျဉ်နျဉ် အခန်းထဲတွင်မရှိပေ။

မနေ့ညက အဖြစ်ပျက်ကို သတိရသွားပြီး ထိတ်လန့်သွားသည်။

ယခင်ညတုန်းက သူမသည်အလွန်အိပ်ငိုက်နေကာ ခေါင်းရှုပ်ထွေးခဲ့ရ၍ စုန့်နျဉ်နျဉ်၏စကားများကို သေချာမတွေးခဲ့မိပေ။
ရှဟဲယင်းမနေနိုင်စွာ မေးလိုက်သည် .."နျဉ်နျ‌ဉ် ... နင်ရှိလား?"

သူမ တုန့်ပြန်သံမကြားရသေးခင် ရုတ်ချည်းအပြင်ဘက်မှ တံခါးခေါက်သံကြောင့် တုန်လှုပ်ကြောက်လန့်သွား၏ .."ငါ ချင်းမုရင်ပါ"

ရှဟဲယင်းတံခါးဖွင့်လိုက်တော့ ချင်းမုရင်တစ်ယောက်တည်းအပြင်ဘက်တွင် မတ်တပ်ရပ်နေလေသည်။ သူ့အခြေနေသည် မနေ့ကထက် ပို၍ကောင်းမွန်နေသည်။

ချင်းမုရင်ဘာတစ်ခုမှမသိသေး၍ မေး၏ .."မနေ့ညက မင်းတို့အိပ်ရ အဆင်ပြေကြလား? တစ်စုံတစ်ခုဖြစ်သေးလား?"

သူ မမေးခဲ့လျှင်တောင်အဆင်ပြေသေးသည်။ သူ့အမေးကိုကြားသည့်အခိုက် ရှဟဲယင်းမျက်နှာသွေးမရှိတော့သကဲ့သို့ ဖြူဖွေးဆုတ်သွားသည်။

ရှဟဲယင်း အသက်ခပ်ပြင်းပြင်းရှူကာ ဖြစ်နိုင်ချေပေါင်းများစွာကိုတွေးပြီး နောက်ဆုံးမေး၏ .."ဒီမနက် ရှင် နျဉ်နျဉ်ကိုတွေ့မိသေးလား?"

"မတွေ့မိဘူး……" ချင်းမုရင် ရှုပ်ထွေးစွာဖြေလိုက်ပြီး အခန်းထဲကိုအမြန်ကြည့်ကာ .."အထဲမှာမရှိဘူးလား?"

ရှဟဲယင်း .."မရှိဘူး"

သူတို့နှစ်ယောက်ပြောနေကြစဉ် စုမင်အပေါ်ထပ်မှဆင်းလာသည်။ မနက်အစောကြီး သူနိုးနေ၍ အပြင်၌အမြန်လျှောက်ပတ်ကြည့်ခဲ့ပြီးနောက် ပြန်ရောက်လာသည်ပင်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now