Chapter 53

3.2K 764 19
                                    


Chapter 53: ကော်ရစ်ဒါ

ပထမတန်းက မြင်နိုင်သလို ဒုတိယတန်းလည်း မြင်နိုင်တယ်။

ဟိုတယ်ဧည့်ခန်းမှာရှိစဉ်တုန်းက တဘက်ဘေးမှာရှိနေတဲ့ ပန်းအိုးကို လူအတော်များများက သတိမထားမိကြပေမယ့် အခုတော့ စင်ပေါ်မှာ ရှိနေတော့ အားလုံးမှတ်မိသွားကြတယ်။

ဆပ်ကပ်မျက်နှာလူပြက်သည် ငြိမ်သက်နေသောပရိသတ်ကို ငုံ့ကြည့်ပြီး ချဲ့ကားပြုံးထားသော အပြုံးသည်လည်း သေးငယ်လာသည်။

ဒါပေမယ့် မကြာခင်မှာပဲ သူပြုံးလိုက်ပြန်ပြီး သူ့လှုပ်ရှားမှုတွေနဲ့အတူ ပန်းအိုးထဲက “လူသား” တွေဟာ ကခုန်နေသယောင်နဲ့ အပေါ်ကိုရွေ့လျားသွားကြတယ်။

စုမင် ဒီဖျော်ဖြေမှုကို အနည်းငယ်ရွံရှာသွားပြီး ပွဲအတွက် စီစဉ်သူတွေက စိတ်မနှံ့ဘူးလို့ပဲ သူခံစားခဲ့ရတယ်။

ဒါရိုက်တာက ဒီလိုဇာတ်လမ်းမျိုးကို ဘယ်လိုလုပ်လိုက်နိုင်တာလဲ?  ဆင်ဆာဖြတ်မှာကို မကြောက်ကြဘူးလား? အကဲဖြတ်သည်ကို လွယ်လွယ်ကူကူ ကျော်ဖြတ်ခြင်းမျိုးမရတာမို့ အဆုံးသတ်သည် အပြုသဘောဆောင်သောအရာဖြစ်ရမည်။

ဇာတ်သိမ်းခန်းအထိ အသက်ရှင်ကျန်ခဲ့မယ်ဆိုရင် အနည်းဆုံး ရဲကို သတင်းပို့ပြီး ကြောက်ချင်ယောင်ဆောင်နိုင်လိမ့်မယ်ဟူ၍ စုမင်တွေးခဲ့တယ်။

မိနစ်နှင့် စက္ကန့်များကုန်ဆုံးလာသည်နှင့်အမျှ လေထုသည်ပိုမိုတင်းမာလာသည်။

လီချီယွီခုံတွင် သက်တောင့်သက်သာမရှိစွာထိုင်နေလျက် လဲ့လင်းကိုတစ်ချက်လှည့်ကြည့်ရင်း သက်ပျင်းချကာ .."ကျွန်တော်တို့ ဒီဖျော်ဖြေပွဲတွေကို အဆုံးထိကြည့်ကိုကြည့်ရမှာလား?"

အစတုန်းက သူအတန်ငယ်တည်ငြိမ်ပေမယ့် အခုခပ်အေးအေးမနေနိုင်တော့ပေ။ ဒါက သေချာပေါက်သေရေးနဲ့ရှင်ရေးကိစ္စပဲ..။

အကယ်၍ သူနတ်ဘုရားမဒီမှာသေဆုံးခဲ့ရင် သူ့ကိုယ်သူအပြစ်တင်လို့ဆုံးမှာမဟုတ်ပေ။

စုမင်တခဏတွေးတောပြီးမှ .."စင်ရဲ့နောက်မှာ လျှို့ဝှက်ချက်ရှိရမယ်"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now