Chapter 8

5.9K 1.2K 129
                                    


Chapter 8: ဖိုင်

စုမင်ညကြည့်အမြင်အာရုံက စူးရှလွန်း၍ အပေါ်မှ ခေါင်းများကိုထင်ထင်ရှားရှားမြင်ရ၏။

ဘယ်ဘက်တွင် လျှိုလီလီ ... ညာဘက်၌ ကျောင်းယွမ်ဖြစ်သည်။ သူတို့ကအတန်းဖော်တွေဖြစ်ခဲ့လို့ သူတို့ပုံသဏ္ဍာန်သည် သူ့မှတ်ဉာဏ်ထဲ နေရာယူထားပြီးနေပြီ။

သူတို့နှစ်ဦးကြားမှ ... နှုတ်ခမ်းထောင့်သွေးစွန်းနေသည့် မိန်းကလေးသည် ကျောင်းသူနဲ့တူတယ်။

သရဲသုံးကောင်သည် သူ့ကို မျက်လုံးသေများဖြင့် စူးစိုက်ကြည့်နေသည်။

စုမင် ထိုအရာကို ကြိုမြင်၍ ချက်ချင်းလှည့်ကာ .."သရဲနံရံကိုဝင်တိုက်လိုက်ပြီ* ... အားလုံးမျက်လုံးမှိတ်ထားကြ"

(*အမှောင်ထဲမှာ သရဲက လူတွေလမ်းမှားအောင် မမြင်နိုင်တဲ့ အဟန့်အတားလုပ်ဆောင်တာပါ။ အရင်အပိုင်းက လှေကားပတ်ချာလည်နေသလိုမျိုး)

သရဲ၏ထင်ယောင်ထင်မှားကို ဖြေရှင်းသည့် တစ်ခုတည်းနည်းလမ်းက မျက်လုံးမှိတ်ပြီး ရှေ့တည့်တည့်ဦးတည်ဖို့ပဲ။

အဲ့လိုဆို ... သူတို့လှေကားမှာရှိနေ၍ ရှေ့တည့်တည့်သာလျှောက်သွားရင် နံရံနဲ့တိုက်မိလိမ့်မယ် ... ထို့ကြောင့် စိတ်မရှုပ်ထွေးစေရန် လက်ကိုင်တန်းကို လမ်းပြအနေနဲ့သာ အသုံးပြုနိုင်သည်။

"အိုခေ" လင်းရှောင်ယန်နာခံသည်။

"စုမင်အရှေ့မှာဦးဆောင်ရင် ငါအနောက်မှာရှိနေမယ်" လင်းယိကျီ ကိုယ်ပိုင်အသိဉာဏ်လေးဖြင့် ပြောတယ်။

မိန်းကလေးတွေကို အမြဲတမ်းဂရုစိုက်ရမယ်လေ ... ဒါ့အပြင် သူက သန်မာတဲ့ယောက်ျားတစ်ယောက်ဖြစ်သည်။ သို့သော်စိတ်ပျက်စရာကောင်းလှအောင် ကြောက်တတ်သူလည်းဖြစ်သည်။

စုမင်လှည့်ပြီး .."အချင်းချင်းအင်္ကျီတွေဆွဲထား ... ဘာဖြစ်ဖြစ် လုံးဝမလွှတ်နဲ့" သူလေးလေးနက်နက်တွန်းအားပေးသည်။ "ငါဖြည်းဖြည်းလေးလျှောက်မယ်"

သူတို့အသင့်ဖြစ်သည်အထိ စောင့်ပြီးနောက် သူ့မျက်လုံးများပိတ်လိုက်သည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now