BELIED By Jeon 7.2

95 8 0
                                    

့ Zawgi

" Tae Hyung ဒီနေ့လဲ သွားဝယ် ရပြန်ပြီ"

"တစ်ပတ်ပြည့်တော့မယ် မလား"

"သူလဲ ဘာထူးလဲ။ အစတုန်းကတော့ လေကြီးလေကျယ်နဲ့ အမWanကို ပြောပြီး ဌာနမှူးနဲ့တွေ့ရော အမြှီးကို ကုတ်နေတာဘဲ။ ဘာသံမှတောင် ထွက်မလာတော့ဘူး"

"သူရဲကောင်း လုပ်သွားသေးတာ သူက"

ရုံးထဲက လူတွေရဲ့ စကားသံတွေ။

Jung Hoonကတော့ ဘာမှမပြောဘဲ အသာငြိမ်နေမိသည်။ သူသိတယ် အကို Tae Hyungက ဒီလိုလူမျိုး မဟုတ်ဘူးဆိုတာ ။ သူခံစားမိနေတယ်။ တစ်ခုခုဘဲ။ ဒါပေမဲ့ ဘာလို့ ဒီလိုတွေလုပ်နေရတာလဲ ဆိုတာ နားမလည်နိုင်ဘူး။




Tae Hyung ဒီနေ့အတွက် တကူးတကကို ရုံးကို သူများထက်စောအောင် လာခဲ့သည်။
သူ တစ်ပတ်လုံး ငြိမ်နေခဲ့တာ အလကားထင်နေလား။

ရောက်ရောက်ခြင်း အိတ်ထဲက sticky notes paperလေး တစ်ရွက်ကို ရွေးယူသည်။

ငါ အရောင် တောက်တောက်လေး ယူရင် ပိုကောင်းမယ်ထင်တယ်။

နောက်တော့ ခဲတံလေးနဲ့ စာရွက်ပေါ်မှာ စာသားတချို့ကို ရေးပြန်သည်။
စာသားလေးတွေ လှလှလေးနဲ့ ရှင်းနေအောင် တမင်ရေးပေးထားသည်။ သူ့တစ်ဘဝလုံးရေးခဲ့တဲ့ ထဲမှာတောင် အလှဆုံးဖြစ်နေမည်ထင်။
သူ့ ရင်ထဲက အရင်းခံတဲ့ ဌာနမှူးနဲ့ သူ့အပေါင်းပါတွေအတွက် စေတနာကြောင့် ဖြစ်မည်။

# သို့ ဌာနမှူး Lu

Coffee ရှစ်ခွက် တန်ဖိုး $$$ဝမ်။
၇ရက်စာ အတွက် $$*7= $$$$ဝမ် ကျသင့်သည် ဖြစ်ပါ၍ အမြန်ဆုံးအကြွေးပေးပါရန်။
မှတ်ချက်- အင်္ဂါနေ့က ကိတ်မုန့်ဖိုး ထည့်မတွက်ထားပါ။

                              Kim Tae Hyung #

စာရေးပြီးတာနဲ့ ရုံးထဲက လူတွေအားလုံးမြင်နိုင်ရန် ကြောညာစာကပ်သည့် boardတွင် ရှင်းလင်းမြင်သာသည့်နေရာတွင် တကူးတက ကပ်ခဲ့သည်။
အခုမှ ကျေနပ်သွားသလို ခံစားရတော့သည်။

သူ ငြိမ်နေခဲ့တာ အလကားမှ မဟုတ်တာ။ တစ်ရက်နှစ်ရက်စာဆို ကျသင့်ငွေ တန်ဖိုး နည်းတာမို့ တစ်ပတ်စာ စုတောင်းခြင်းဖြစ်သည်။  သူ့အတွက် ဒီလောက်ငွေက ပမွှားလေးဆိုပေမဲ့ ဒီကလေးဆန်တဲ့ ကလဲ့စားချေမှု လေးကိုမှ မလုပ်လိုက်ရရင် သူအဆင်ပြေမှာ မဟုတ်ဘူး။

BELIED By JEONМесто, где живут истории. Откройте их для себя