BELIED By Jeon - 9

75 13 0
                                    

Zawgi

Eun Gi လက်ထဲမှ ကော်ဖီခွက်လေးကိုနှုတ်ခမ်းနားတေ့ကာ သောက်နေသည်။
သူ့အကြည့်တွေကတော့ မှန်တွေကိုဖောက်ထွင်းကာ ပန်းခြံသေးသေးလေးပေါ်သို့သာ ဦးတည်လျက်။
ဒါပေမဲ့ သူမစိတ်အစဉ်ကတော့ မွေးပျံတဲ့ကော်ဖီရဲ့ အနံနဲ့အရသာပေါ်မှာ ရှိမနေသလို မြင်သူတိုင်းခူးဆွတ်ချင်လောက်တဲ့ မာန်အပြည့်နဲ့ပန်းပင်လေးတွေအပေါ်မှာလဲ ရှိမနေ။

သူမ Jeonနဲ့ Tae Hyung oppaတို့ရဲ့ အိမ်မှာနိုးထလာခဲ့တဲ့ မနက်ခင်းကိုပြန်တွေးမိနေသည်။

အဲ့နေ့က Eun Giခေါင်းထဲက စူးနင့်တဲ့ ခံစားမှုတစ်ခုနဲ့ နိုးလာခဲ့ရသည်။
သူမအာရုံတွေကို သေချာမစုစည်းနိုင်သေးခင်မှာဘဲ တစ်ခါမှမမြင်ဖူးတဲ့ အခန်းအနေအထားကို သတိပြုမိသည်။

ခဏ ငါဘယ်ရောက်နေတာလဲ။

မနေ့ညကငါဘာကို နောက်ဆုံးလုပ်ခဲ့တာလဲ။

သူ့ရှေ့ကို တခွက်ပြီးတခွက်ထိုးပေးနေတဲ့ သူတွေ။
ဆူဆူညံညံအသံတွေနဲ့ မခွဲခြားနိုင်တော့တဲ့မျက်နှာတွေ။
စကားပြောသံ တချို့တချို့တဝက်နဲ့ သူ့သူငယ်ချင်းတချို့ရယ်နေတဲ့ အသံတွေ။ အရာအားလုံးက ရှုပ်ထွေးနေလျက်။
ခေါင်းတွေကိုလဲ ပိုတိုး၍ကိုက်လာသလို။
သူ့ခေါင်းကိုသူ ထိန်းကိုင်ထားစဉ်မှာဘဲ

*ချောက်

ဖွင့်လာတဲ့တံခါးနဲ့ အတူ တစ်ဖက်ခြမ်းကလူက Tae Hyung oppaဖြစ်နေခဲ့သည်။
အဲ့တော့မှ သူ့စိတ်ထဲကပူပန်နေတာတွေပျောက်သွားသလို။

"အော နိုးနေပြီဘဲ၊
မျက်နှာသစ်ဖို့ အခန်းထဲမှာ ပစ္စည်းအပိုတွေရှိတယ်။
အအဲ့တာတွေနဲ့သုံးပြီးရင် အောက်ကိုဆင်းလာခဲ့နော် Eun Gi"

သူမနေ့ညက ဒီကိုဘယ်လိုရောက်လာခဲ့တာလဲ။
Tae Hyung Oppa က Jeonနဲ့အတူနေတာဆိုတော့ ဒါသူတို့နှစ်ယောက်ရဲ့ တိုက်ခန်းပေါ့ အခုရောက်နေတဲ့နေရာက။

သူမ အခန်းပြင်ကိုထွက်ပြီး နည်းနည်းလျှောက်လာလိုက်တော့ ထမင်းစားခန်းထဲက စားပွဲပေါ်မှာ Jeonကနောက်ကျောပေးကာထိုင်နေသည်။

သူစားပွဲဘေးက ခုံပေါ်မှာဝင်ထိုင်လိုက်တော့ တစ်ချက်ကြည့်လာတဲ့ Jeon
Jeonကြည့်ကောင်းပြီး လန်းဆန်းနေရော။ မကြာခင် အလုပ်ကိုသွားရတော့မှာထင်သည်။ မီးခိုရောင် Suitလေး၊ သေချာဖီးသင်ထားတဲ့ ဆံနွယ်တွေနဲ့ တစ်ချက်တစ်ချက်ရတဲ့ ရေမွှေးနံလေး။

BELIED By JEONWhere stories live. Discover now