BELIED By Jeon-7

79 9 0
                                    

Zawgi

"Tae ,ကလေးလေး
ထတော့လေ။ ရုံးသွားရအုန်းမှာမလား"

Jung Kookတစ်ယောက် ခေါင်းအုံးကိုမှီကာ သူ့လက်မောင်းအောက်မှာ အိပ်နေတဲ့ ထယ်ယောင်းကို နှိုးယူနေမိသည်။ သူ့လက်တွေကလဲ ဆံပင်တွေကို ထိုးဖွနေလျက်သား။
ဒီကလေး နိုးနေတာ သူသိသည်။ အိပ်ချင်မူးတူးနဲ့ အသံသာ တအင်းအင်း လုပ်ပြီး ပြန်ငြိမ်သွားသည်။

"Tae ထတော့လေ။ ကိုယ်တို့တွေ ညစ်ပတ်နေသေးတာ။ ရေချိုးရအောင်"

" Jeonကလဲ။ နောက်ထပ် နည်းနည်း"

အသံတိုးတိုးလေးဖြင့် ပြန်လည်တုန့်ပြန်လာရင်း ရင်ခွင်ထဲသို့ ပိုတိုးဝင်လာသည်။ သူ့လက်မောင်းအောက်မှာ နေရာယူထားပုံလေးက အသည်းယားစရာ။ သူ ခဏလောက် ထပ်စောင့်ပေးနေမိသည်။
သူကတော့ အချိန်‌တိုင်းကို အကျိုးရှိစွာဖြင့် ကောင်လေးကို ငေးကြည့်နေခြင်းပေ။ ဒီကောင်လေး ဘယ်လိုမေနေ ချစ်ဖို့ကောင်းလွန်းနေတာ မဟုတ်ဘူးလား။
အညိုရောင် ခေါင်းလုံးလုံးလေးကို နှလုံးသားကအရင်းခံတဲ့ အနမ်းဖွဖွလေး ပေးလိုက်မိသည်။

ခဏနေတော့ ကောင်ငယ်လေးက လှုပ်လှုပ်ရှားရှား ဖြစ်လာလာ သူ့ကိုမော့ကြည့်၍ လေးထောင်ဆန်ဆန်အပြုံးလေးနဲ့ အရင်ပြုံးပြသည်။ နှုတ်ခမ်းနားက သူချစ်ရတဲ့ မှဲ့လေးက ထင်းနေရော။
မြတ်နိုးရသူလေးရဲ့ ဒီအပြုံးလေးက တစ်နေ့တာမစတင်ခင်မှာဘဲ သူ့အတွက် အကုန်ပြည့်စုံသွားသလို ခံစားလိုက်ရသည်။ သူ အူယားလွန်းလို့သာ ဝက်ဝံပေါက်လေးရဲ့ မျက်နှာကို လက်နှစ်ဖက်ဖြင့် မော်ဖူးစေကာ အနမ်းတို့ကို ‌နေရာမလပ် ခြွေမိတော့သည်။

"ထ ရေသွားချိုးရအောင်"

"အွန်း။ ကျွန်တော့ကိုချီ"

လက်နှစ်ဖက်ကို ဆန့်တန်းလာကာ သူ့ကို ချီခိုင်းလာတဲ့ အနှီကောင်ငယ်လေးရဲ့ အလိုကျ သူဟာ ဖြည့်ဆည်းပေးမိသည်။

သူ့‌ကောင်လေး မနေ့ညက ပင်ပန်းထားတာကို။ သူကပိုဂရုစိုက် ပေးရမှာပေါ့။

Bathtub ထဲမှာ
Jeonရဲ့ ရင်ခွင်ထဲမှာနေရင်း Tae Hyung ခဏ ဇိမ်ယူနေမိသည်။

ရေထဲကနေ ထွက်ပေါ်နေတဲ့ သူ့ရဲ့ ခြေထောက်ပေါ်က Jeonလက်ကလေးကို ဆော့ကာဖြင့် သူနေမိသည်။

BELIED By JEONTempat cerita menjadi hidup. Temukan sekarang