ဒီနေ့ Tae Hyungတစ်ယောက် ကျောင်းပြီးသည့် အထိမ်းမှတ်ဖြင့် Jeonက ညစာလိုက်ကျွေးနေခြင်း ဖြစ်သည်။ ပုံမှန်အတိုင်း Eun Giလေးကလဲ မပါမဖြစ်။
ရွေးထားသည့်ဆိုင်က အဆင့်တန်းမြင့်မြင့်ဖြင့် ဘေးမှာ ရေကန်ပြင်ကျယ်ကြီးလဲ ရှိသည်။ လရောင်ဟာ ကန်ရေပြင်မှာ ထင်ဟပ်ကာ လှပစွာ ဖြစ်ပေါ်သည်။ ဒီလိုနဲ့ ရေကန်ကြီးကို ကျော်လွန်ပြီး ဟိုအဝေးမှာတော့ Seoulမြို့ပြကြီးရဲ့ မီးရောင်စုံလေးတွေက အဝေးကမို့ ကြယ်ကလေးတွေလို တလက်လက်ဖြင့်သာ။
ကန်ရေပြင်ကို ဖြတ်ကျော်လာတဲ့ လေပြည်လေးကို ခံစားမိရင်း အရာအားလုံးက အေးချမ်းစွာ တည်ရှိနေသည်။
သူ ပတ်ဝန်းကျင်ရဲ့ အလှတရားတွေကို လက်ထောက်ကာ ငေးမောကြည့်နေရင်း ဘေးက သူ့အကို Tae Hyungရဲ့ အသံတဆာဆာ လေးကိုလဲ ကြားနေရသေးသည်။
Steakကို သေသပ်၍ ကျွမ်းကျင်စွာ လှီးဖြတ်နေတဲ့ Jeonရဲ့ ဘေးကနေ Tae Hyungieက တတွတ်တွတ်ပြောနေခြင်းပေ။
" ကဲ နောက်ဆုံးတော့ ရပါပြီ"
သူနဲ့ Tae Hyungieရှေ့မှာ တစ်ယောက် တစ်ပန်းကန်ဆီချပေးလာကာ Jeonက ပြောသည်။
"Omm အရသာကိုရှိနေရော"
အသားပြားလေးကို ခက်ရင်းဖြင့် ယူကာ မြည်းရင်း Tae Hyungက ဆိုသည်။
" ဒီလိုစာမေးပွဲ ပြီးလို့ စိတ်တွေ ရှင်းနေတဲ့နေ့မှာ အစားသောက် ကောင်းကောင်းလေးရယ်၊ လရောင်ဖြာကျနေတဲ့ ကန်ရေပြင်ရဲ့ ရှုခင်းနဲ့ ရစ်မူးစေမဲ့ ဝိုင်လေး တစ်ခွက်။
Aigoo, တို့ Jeonရဲ့ အစီစဉ်တွေက perfectတွေ ဖြစ်နေရော။"သူ့ဘေးမှာ ထိုင်နေတဲ့ Jeonရဲ့ နှုတ်ခမ်းလေးကို တစ်ချက်နမ်းကာ Taeက ဆိုသည်။
Eun Giကတော့ ရှေ့ကအတွဲရဲ့ ဖြစ်ချင်သလို ဖြစ်နေပုံကို လျစ်လျုရှုကာ အစားသောက်ကိုသာ အာရုံပို့ထားမိသည်။
Jeonကိုယ်တိုင် ပြင်ဆင်ပေးထားလို့ ထင်သည်။ အရင်စားဖူးသမျှထက် အရသာက ပိုစွဲမက်စရာကောင်းနေသလို။Jeon ဟုတ်တယ်။ Jeon
ဘယ်တော့မှ နှုတ်ကနေ ထုတ်မခေါ်ဖြစ်မဲ့ တစ်ယောက်သော သူအတွက်နာမ်စားလေး။နောက်ဆုံး Jeonအေပါ် သူ့ခံစားချက်တွေကို ဆန်းစစ်မိခဲ့စဉ်က ကိုယ့်ကိုယ်ကိုယ် လိမ်ညာခဲ့မိေသးသည်။ ကိုယ့်အကိုရင်းရဲ့ ချစ်သူကိုမှ ချစ်မိနေခြင်းက အပြစ်တစ်ခုလို သူ့ကိုခံစားစေရ၍။ ဒါပေမဲ့
နောက်ဆုံးတော့ အဖြစ်မှန်ကို သူလက်ခံရင်း အခြေနေတွေကြား အရင်လို ပုံမှန်လေးဖြစ်အောင် ကြိုးစားရင်း နေထိုင်ခဲ့သည်။