Zawgi
လူသူ အရောက်နည်းတဲ့ ကင်အိမ်တော်ကြီးမှာ ဒီနေ့တော့ အနက်ရောင်ဝတ်စုံတွေနဲ့ လူအနည်းငယ်ကို တွေ့နေရသည်။
ကင်အိမ်ဝန်းထဲက ထူထပ်တဲ့သစ်ပင်တွေရဲ့ သိပ်သည်းမှုကို အုံ့မှိုင်းနေတဲ့ ရာသီဥတုက အပြည့်ဝထောက်ပံ့ထားသည်။
အိမ်တော်ကြီးရဲ့ အနောက်ဘက် ထင်ရှူးပင်တွေထဲ ဖွဲဖွဲလေးသာ ကျနေသောမိုးပေါက်တို့က စုကာမြေပြင်သို့သက်ဆင်းသည်။
တောရိပ်တောင်ရိပ်ရဲ့ အထောက်ပံ့နဲ့ ရာသီဥတုအခြေနေတို့ကြောင့် နေရောင်ပင်မပေါ်ဘဲ အိမ်တော်ကြီးမှာ အေးစိမ့်နေတဲ့ အခြေနေကနေရာယူထားသည်။ထယ်ယောင်း အိမ်တော်ကြီးရဲ့ အပြင်ဘက်ကို လေကောင်းလေသန့်ရှုလို ရှုညား ထွက်လာခဲ့သည်။ ဒီနေ့ကတော့ Kim အိမ်တော်အတွက် သာယာတဲ့ နေ့တစ်နေ့ မဖြစ်ခဲ့ပါချေ။
ငယ်ငယ်ထဲက အိမ်နဲ့အတိုက်ခံလုပ်ကာ ထွက်သွားတဲ့ အန်တီလေးရဲ့ နာရေးကြောင့် အိမ်တော်ကြီးမှာ တိတ်ဆိတ်နေသည်။ Tae Hyung ကတော့ ထွေထူးပြီးတော့ ဝမ်းနည်းနေတယ်လို့ မခံစားရ။
သူ့တစ်သက်လုံး အမည်ခံသာရှိပြီး မမြင်ဖူးခဲ့တဲ့ လူသားမို့နေမည်။ သူတစ်ယောက်ထဲ မဟုတ်။
အိမ်တော်ကြီးရဲ့ ဖိုးဖိုးကလွဲရင် ဝမ်းနည်းပူဆွေးနေဟန်လူကိုလဲ သူမမြင်မိပါ။လွန်ခဲ့သော ဆယ်စုနှစ်တွေတုန်းက
အန်တီလေးက အိမ်က အလုပ်သမားနဲ့ ချစ်ကျွမ်းခဲ့သည်။ ထို သတင်းကို ဖိုးဖိုးတို့ကြားတော့ အတင်းအကျပ်ခွဲမည့်ဟန်ကြောင့် အန်တီလေးတို့က လက်ဦးမှုယူ၍ တရားရုံးကို သွားလက်ထပ်မှတ်ပုံတင်ကာ အိမ်ထောင်တစ်ခု ထူထောင်ခဲ့သည်။ ငွေသည်သာ အရာရာ လောက ကြီးမှာ ဖိုးဖိုးရဲ့ အာဏာစက်နဲ့ ဒေါသကိုလဲ သိတာကြောင့် နှစ်ယောက်သား အဝေးတစ်နေရာမှာ ရှောင်တိမ်းကာ အချိန်တစ်ခုနေမှ ပြန်လာခဲ့ရန် ဆုံးဖြတ်ခဲ့သည်။သို့သော် ဖိုးဖိုးကသာ ပိုပြတ်သားခဲ့ဟန်တူသည်။ အရာရာ လိမ်မာပါးနပ်၍ အဆင်းရော အချင်းရော ဟာကွက်မလိုသည့် အန်တီလေးကို ဖိုးဖိုးက အများကြီးမျှော်လင့်ထားခဲ့ရာ ဂုဏ်ရှိန်အသိုင်းဝိုင်းရဲ့ လူတွေကြားမှာလဲ ဂုဏ်ဝင့်စွာ လူလုံးထုတ်ပြသည်။ ထယ်ယောင်းရဲ့ ဖေဖေက ပစ္စည်းထုတ်လုပ်မှု နည်းပညာဘက်မှာ ကျွမ်းကျင်ပေမဲ့
စီးပွားရေးဈေးကွက်မှာတော့ အန်တီလေးကသာ ဖိုးဖိုးရဲ့ ဝှက်ဖဲတစ်ချပ်။သမီးမိန်းကလေးတွေကို အိမ်ထောင်ရက်သား ချပေးကာ စီးပွားရေး အတွက် အသုံးချတက်တဲ့ ပတ်ဝန်းကျင်နဲ့ လူတန်းစားတွေ ကြားမှာတောင် သမီးနှင့် သားကို တန်းတူအခွင့်ရေးပေးကာ ကြံ့ကြံ့ခိုင်နိုင်တဲ့ ကျားတစ်ကောင် ဖြစ်စေခဲ့သည်။ အန်တီလေးကလဲ ဘဝတစ်လျှောက်လုံး ဖိုးဖိုးစကား တစ်ခွန်းဆို တစ်ခွန်းသာ နာခံခဲ့သူ ဖြစ်၍ အရာအားလုံး မမျှော်လင့်စွာ ဖြစ်လာခဲ့တဲ့ အချိန်မှာတော့ ဖိုးဖိုးက အများကြီး ခံစားခဲ့ရပုံပေါ်သည်။