BELIED By Jeon-6

92 16 2
                                    

Zawgi

Tae Hyung တစ်ယောက် မျက်နှာတည်တည်နှင့်ပင် ကိုယ့်နေ့ရာမှာကိုယ် ထိုင်နေမိသည်။

သူ တကယ်ကို သူ့ဌာနက လူတွေနဲ့ အဆင်မပြေဘူး။
သူ ရုံးတက် ဖြစ်တဲ့ နှစ်ပတ်အတွင်းမှာ ဌာနထဲက လူတွေရဲ့ အမူကျင့်နဲ့ စရိုက်တွေကို သိသင့်သလောက်တော့ သိနေပြီဖြစ်သည်။

စစချင်းတုန်းက Jung Hoonပြောခဲ့တဲ့ စကားတွေကို သူမယုံခဲ့။ သူဆိုတာ လက်တွေ့ကျကျ အရာရာကို သေချာစီစစ်ဆုံးဖြတ်ပြီးမှ ဖြစ်ဖြစ် ကိုယ်တိုင် ကြုံတွေ့ပြီးမှ ဖြစ်စေ လက်ခံတက်သူ။ နားထဲကြားနေရတဲ့ စကားတွေကို လွယ်လင့်တကူ မယုံတက်သူ ဖြစ်သည်။
ဒါပေမဲ့ Jung Hoonပြောသမျှ စကားတွေက အပိုတွေမဟုတ်ခဲ့။
ထို့ထက်ပင် ပိုဆိုးနေခဲ့သေးသည်။

တကယ်ကို ကြီးနိုင်ငယ်ညှင်း သမားတွေ။ သူ့စိတ်ထဲ ခပ်ချဉ်ချဉ် သတ်မှတ်မိသည်။

သူ့လို မဟုတ်ရင် မခံတက်တဲ့သူ၊ ကိုယ့်ကို နည်းနည်းလေးမှ ဆိုပြောတာ မခံတက်တဲ့သူက အများကြီး သည်းခံထားပေမဲ့ တစ်ခါတစ်လေ တော့လဲ အကျင့်တွေကပေါ်ပေါ်လာ၍ သူတို့ကလဲ ကိုယ့်ဆို အမြင်မကြည်။ ဒီတော့ သူတို့ကလဲ Tae Hyungအပေါ်ဆို ပိုအာဏာပြချင်ကြသည်။ ဒီလိုနဲ့ဘဲ သူတို့ကြားက အခြေနေတွေက ပိုတင်းမာလာခဲ့သည်။

Tae Hyungက ပုံမှန် အလုပ်သင်လေးမဟုတ်တော့ သူတို့ပေးမဲ့ ရလဒ်တွေကိုလဲ ဂရုစိုက်မနေတော့။ ဒါပေမဲ့လဲ အလုပ်ခွင်မှာ လုပ်သင့်သလောက်တော့ သူတို့ခိုင်းတာတွေလဲ ကြိတ်မှိတ်လုပ်ရင်း ကိုယ့်အလုပ်ကိုယ်လဲ ‌အကောင်းဆုံးလုပ်ရင်းသာ နေသည်။
တကယ်ဆို သူဒီလောက်တောင် လုပ်ပေးစရာမလိုဘူး။ သူ့လိုဆက်ခံသူ ၊ သူ့ပညာအရည်ချင်းနဲ့ နှစ်ခုပေါင်းလိုက်ရင် နေရာကြီး တစ်ခုကတော့ အေးဆေးရသည်။
သူ တကယ် အဖွဲ့မှားလျှောက်မိတာဘဲ။

သူထပ်သိလာရတဲ့ ကိစ္စကတော့ လာဘ်သိပ်ထိုးပြီးတော့ အလုပ်ယူခြင်းဖြစ်သည်။ Kim Groupရဲ့ ဘယ်company မဆို နေရာတစ်နေရာ ရယူနိုင်တာနှင့်ပင် အခြေခိုင်နိုင်သည်။ ဒါကြောင့် အလုပ်သင် တချို့လေးတွေက ဌာနတွင်း လူကြီးတွေကို ငွေနဲ့ အပေးယူလုပ်လာကြသည်။ ဒီအချက်က သူလုံးဝ လက်သင့်ခံပေးလို့ မရဘူး။ ဒီလိုနဲ့ဘဲ အရည်ချင်းရှိတဲ့ သူတွေကို ဘယ်လောက်တောင် ဆုံးရှုံးရပြီးပြီလဲ သူတို့။
တကယ်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှကို ဖြစ်မည်။

BELIED By JEONDonde viven las historias. Descúbrelo ahora