4

3.8K 194 8
                                        

[Zawgyi]

❝ထိုနေ့က...
စိတ်ညစ်ကြောင်း ပြောဆိုညည်းညူနေခဲ့​သော
မမကြည်ပြာသက်​ဝေ၏ နှုတ်ခမ်းဖျား​လေးသည်
တကယ်တမ်းမှာ​တော့...
ပျော်ရွှင်မှုများနှင့် အနားကွပ်ထား​လျက်
တောက်ပစွာ ပြုံးရယ်​နေခဲ့ပါသည်။❞

❀❀❀

၂၀၁၉ခုနှစ်၊ ဇူလိုင်လ...

“မိကြည်ပြာ​ရေ။ ညည်းမလည်း ငါကပင့်မှပဲ
အိမ်ရောက်လာဖော် ရတော့တယ်။ ကိုယ်​နေခဲ့တဲ့မြို့ ကိုယ်ပြန်လာတာတောင် အဒေါ်အိမ်ကိုကျော်ပြီး တည်းခိုခန်းသွားတည်းရသတဲ့။ ညည်းတသက်လုံး ကျုပ်အိမ်မှာပဲ​ နေစားပြီး ​ကျောင်းတက်သွားတာပါ​အေ့။ ညည်းအချိုးက မဟုတ်​သေးပါဘူး​။”

“အဲ့လိုမဟုတ်ပါဘူး ကြီး​မေရယ်။
သမီးလည်း ကြီး​မေတို့ အလုပ်ပို​နေမှာစိုးတာနဲ့
မလာ​ဖြစ်တာပါ။ ​နောက်ပြီး အလုပ်ကိစ္စ​ကြောင့်
လာရတာဆို​တော့ ဟိုသွားဒီသွားနဲ့ ဒီလာလည်း
ကြီး​မေတို့နဲ့​နေချိန် သိပ်ရှိမှာမဟုတ်ဘူး​လေ။
စိတ်မဆိုးပါနဲ့​... နော် ကြီး​မေ။ ဒီမှာ
သမီး ကြီး​မေနဲ့​လေးကြီးတို့ဖို့ မုန့်​​တွေ​ရော၊
အားဆေးတွေ​ရော အများကြီးဝယ်လာတယ်။
လေးကြီးရော ဘယ်သွားတာလဲ။”

“အခုချိန် ဆိုင်မှာပေါ့အေ။ တခြား
ဘယ်ကိုသွားရမှာတုန်း။”

ကြီးမေက ကလေးလိုမျိုး စိတ်ဆိုးတော့
ကျွန်မမှာ လေပြည်ထိုးပြီး ချော့ရသည်။
ဒါ​ပေမဲ့လည်း အ​ချော့ခံရသည့် ကြီး​မေက​တော့
စိတ်​ကောက်မ​ပြေ။ ဆောင့်ကြီးအောင့်ကြီး ပြန်ဖြေလျက် ကျွန်မကို မျက်​စောင်းချိတ်ပြီး အိမ်ထဲဝင်သွားသည်။

ကျွန်မ သတိလက်လွတ် မေးလိုက်မိခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိပါသည်။ ဦးနှောက်မှတ်ဥာဏ်တွေလည်း ပျက်စီးနေပြီထင်၏။
ဒီအချိန်ဆို လေးကြီးက (သူတို့အပိုင် ​ကုန်စုံဆိုင်​) ဆိုင်မှာရှိနေမယ်မှန်း သိပါလျက်နဲ့ ကျွန်မ
မေ့သွားခဲ့မိသည်။ ကြီးမေ စိတ်ကောက်မပြေတာလည်း ဖြစ်သင့်ပါသည်။ ကျွန်မကလည်း ဘဝမေ့သလို ဖြစ်နေခဲ့သည်ကို။

မမကြည်ပြာသက်ဝေ (completed )Where stories live. Discover now