[Zawgyi]
❝အရိပ်အကဲခတ်တော်သည်ဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတတ်သော မမကြည်ပြာသက်ဝေသည် အမှန်တကယ်တွင်မူ ချစ်သူ၏ စိတ်ခံစားချက်များကိုပင် ရိပ်မိနားလည်နိုင်သည့်သူမျိုး မဟုတ်ခဲ့ပါချေ။❞
❀❀❀
“အမှတ်တွေလည်း မီနေတာပဲဟယ်။
ကိုယ့်အိမ်ကလည်း တတ်နိုင်တာပဲကို။
ဆေးကျောင်းပဲ တက်ပါလား။”
“ကိုယ်မှ ဝါသနာမပါတာ။”
“အဲ့ဒါဆို ဘာလို့bioယူခဲ့သေးလဲ။”
“text bookပါးလို့လေ။”
ကြည်ဝေ မှုန်ကုပ်ကုပ်နဲ့
မျက်လုံးလှန်ကြည့်လိုက်တော့
မင်းကောင်းအောင်က ရယ်သည်။
တစ်ခါတစ်ခါကျရင် ဒီကောင်လေးက
ဘာမှန်းကိုမသိ။ အခုလည်း ပြောနေပုံက
သက်မွေးဝမ်းကြောင်း ရွေးချယ်တဲ့အရေးကိုတောင် အလေးအနက်မရှိသလိုမျိုး။
“ပေါ့ပျက်ပျက်တွေ လျှောက်ပြောမနေနဲ့။
သူများတွေ တက်ချင်တိုင်းတောင်
တက်လို့မရတဲ့ကျောင်းကို။ နောက်ပြီး
ဆရာဝန်ဆိုတာ ဂုဏ်လည်းရှိတယ်။
ကုသိုလ်လည်းဖြစ်တယ်။
သူများအသက်တွေကို ကယ်ပေးရတာ
ဘယ်လောက်တောင် မြင့်မြတ်လိုက်တဲ့
အလုပ်လဲ။”
“ကိုယ်ကတော့ ပတ်ဝန်းကျင်ကိုဒုက္ခပေးတဲ့ လူဆိုးဖြစ်မနေရင် တော်ပြီလို့တွေးတာပဲ။
မမြင့်မြတ်ရင်လည်း နေပါလေ့စေတော့။
ဒါမှမဟုတ်လို့ မမက ကိုယ့်ရဲ့
မွန်မြတ်သန့်စင်တဲ့ပုံကိုမှ မြင်ချင်တာပါ
ဆိုရင်တော့ ကိုယ် ကတုံးတုံးပြီး
ဘုန်းကြီးပဲ ဝတ်လိုက်တော့မယ်ကွာ။
မမက အပျိုကြီးဘဝနဲ့ ကိုယ့်ကို
တသက်လုံး ကိုးကွယ်ရမယ် ဒါပဲ။”
“နင် မတော်သေးဘူးလား။”
ကြည်ဝေ တကယ်စိတ်ဆိုးလာတာ။
ခပ်ဆောင့်ဆောင့် အော်ပစ်လိုက်သည်။
ခပ်လှမ်းလှမ်းမှာရှိနေသည့် အငယ်ကောင်က
ရန်ဖြစ်နေသည်ထင်သလားမသိ။
လှမ်းမေးလေသည်။
“အစ်မ.. ဘာဖြစ်လို့လဲ။”
ကြည်ဝေ ခေါင်းခါပြလိုက်သည်။
အငယ်ကောင်က ထပ်မမေးတော့ဘဲ
သူ့အလုပ်သူ ပြန်လုပ်နေသည်။
STAI LEGGENDO
မမကြည်ပြာသက်ဝေ (completed )
Storie d'amore(Both Zawgyi and Unicode) ❝ အစဥ်အမြဲအတွက်... ကိုယ့်ရဲ့ အချစ်မြတ်နိုးရဆုံးသော မမကြည်ပြာသက်ဝေ ❞
