6

2.6K 158 28
                                    

[Zawgyi]

❝မမကြည်ပြာသက်ဝေက ချစ်သူဖြစ်ခွင့်ကို
ပေးအပ်လာခဲ့​သောအချိန်သည် ​လောကတွင်
အလှပဆုံး၊ အသာယာဆုံးနှင့် ​ပျော်ရွှင်ဖွယ်အ​ကောင်းဆုံး အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါသည်။❞

❀❀❀

မင်း​ကောင်း​အောင်နှင့်ပတ်သက်၍ ကြည်ဝေ့၏
လက်ရှိခံစားချက်များနှင့် အတွေးများက
ရှုပ်ထွေးလှသည်။ မင်းကောင်းအောင်ကို ကြည်ဝေ သဘောကျပါသည်။ သူမ၏ချစ်သူ ဖြစ်လာမည့်သူတွင်
သူမ ရှိစေချင်ခဲ့သည့် အရည်အချင်းများလည်း မင်းကောင်းအောင်ဆီမှာရှိသည်။

ပညာရေးတွင် ထူးချွန်သည်။
ရုပ်ရည်သွင်ပြင်လည်း ကြည့်ကောင်းသည်။
မိသားစု နောက်ခံအသိုင်းအဝန်းကလည်း တောင့်တင်းပြည့်စုံသည်။ ဂုဏ်သရေရှိသည်။
သူကလည်း အကျင့်စာရိတ္တ ကောင်းမွန်သည်။

ဒါပေမဲ့ တကယ်ဆုံးဖြတ်ချက်ချရမည့် အခြေအနေကိုရောက်တော့မှ သူမ တွေဝေလာရသည့်အချက်က
မင်းကောင်းအောင်သည် သူမထက်
သုံးနှစ်နီးပါးလောက် အသက်ငယ်​နေသည်။

ကြည်ဝေ နေထိုင်ကြီးပြင်းလာသည့်
မိသားစု၊ ပတ်ဝန်းကျင်မှာက မိန်းကလေး​တွေဟာ သူတို့ထက်အသက်ကြီးသည့် လူနှင့်သာ လိုက်ဖက်သည်ဆိုပြီး ယူဆကြတာမျိုး။ ကိုယ့်ထက်အသက်ငယ်သည့် ယောက်ျားနှင့်
ချစ်ကြိုက်ခဲ့လျှင် ထိုမိန်းကလေးအား
အပြစ်တင်တတ်ကြသည်။ ကြည်ဝေ
ကိုယ်​တွေ့ မြင်ဖူးသလောက်ဆိုရင်လည်း
မနဲ့မောင်စုံတွဲများရဲ့ ဇာတ်လမ်းတွေမှာ မဘက်က
ကြေကွဲနစ်နာရသည်ချည်းသာ။

ထို့အပြင် ကြည်​ဝေသည် ငယ်ငယ်လေးကတည်းက ဟေမာနေဝင်း၊​ မေဆွိတို့ရဲ့ ကိုကိုသီချင်း​တွေနဲ့
အကျွမ်းဝင်ပြီး "ကိုကို"​တွေကိုသာလျှင်
စွဲလမ်းနှစ်ခြိုက်ခဲ့သူတစ်ယောက်။
မိန်းကလေးပီပီ ကိုယ့်ချစ်သူရဲ့ ရင်ခွင်ထဲကိုတိုးလို့
ဆိုးချင်၊ရစ်ချင်သည်။ ချွဲချင်၊နွဲ့ချင်သည်။
အရာရာမှာ ချစ်သူကိုရှေ့ကနေ ဦးဆောင်စေလိုပြီး ယုံကြည်ကိုးစားချင်သည်။ (ဒါကြောင့်ပဲ ကြည်ဝေ့ဘဝမှာ ပထမဆုံးစိတ်ဝင်စားခဲ့မိသည့်လူက ကိုလူမော်အောင် ဖြစ်ခဲ့သည်ထင်၏။)

မမကြည်ပြာသက်ဝေ (completed )Where stories live. Discover now