7

3.3K 173 13
                                        

[Zawgyi]

❝မမကြည်ပြာသက်​ဝေ၏ နှင်းဆီ​ရောင်နှုတ်ခမ်း​လေးသည် အမြင်ထက် အထိအ​တွေ့တွင် ပို၍နူးညံ့ချိုမြိန်​ကြောင်း
ထို​နေ့က သိရှိခဲ့ရပါသည်။❞

❀❀❀

၂၀၁၉ခုနှစ်၊ ဇူလိုင်လ...

"ဟယ် ကြည်ဝေ။ တိုက်တိုက်ဆိုင်ဆိုင်ကို
လာတွေ့တာပဲ။ ကြည့်ဦး။"

အံ့သြမှုပြည့်သည့် နှုတ်ဆက်စကားများနှင့်အတူ
မေရီအောင်က ကျွန်မတစ်ယောက်တည်း
ထိုင်နှင့်နေသည့် စားပွဲဝိုင်းမှာ ဝင်ထိုင်သည်။

မဆုံတာကြာပြီဖြစ်သည့် မေရီအား ကျွန်မပြုံးပြရင်း သက်ပြင်းဖျော့တစ်ချက်ကိုပါ တိတ်တဆိတ်ချမိသည်။ တကယ်ဆို အခုချိန်မှာ သူငယ်ချင်း၊ အသိမိတ်ဆွေ..
ဘယ်တစ်ဦးတစ်​ယောက်နှင့်မှ မတွေ့ဆုံချင်ပါ။
မေရီအောင်နှင့်ဆိုလျှင် ပို၍ပင် မဆုံချင်ပါ။

"မိန်းမ။ တအားကိုလှနေတာနော်။"

"ငါကပြောရမှာပါ မေရီရယ်။
နင်ကမှ တစ်သား​မွေးတစ်​သွေးလှ​နေတာ။"

"ဟားးဟားးး။ မြှောက်ပြောနေတာ သိပေမဲ့
တကယ်လည်း လှနေ​တော့
ကျေးဇူးတင်​ပေးလိုက်မယ်နော်။
Thank u ကြည်ဝေ။"

အလှမက်သည့် မေရီကို ကျွန်မက သူမ၏အကြိုက် လိုက်ပြောပေးလိုက်တော့ မေရီပျော်သွားတာ
သိသိသာသာ။ အနားကိုရောက်လာသည့်
စားပွဲထိုးလေးကို စားစရာတွေမှာနေချိန်မှာတောင် သူမ၏မျက်နှာပေါ်က ရွှင်မြူးရိပ်တို့က
ပျောက်မသွားပါချေ။

"ဒါနဲ့ နင် ပြည်ကို ဘယ်တုန်းကရောက်တာလဲ။ အလုပ်ကိစ္စနဲ့ပဲလား။"

"အင်း။ ရောက်တာတော့ သုံးရက်ပဲရှိသေးတယ်။"

"သြော်။ နင် ဘယ်တော့ပြန်ရမှာလဲ။ အချိန်ရရင် တစ်ရက်လောက် အိမ်ကိုလာလည်ဦးလေ။
ငါ့သားလေးနဲ့လည်း ​တွေ့ရတာ​ပေါ့။"

"ငါ ဒီနေ့ နေ့လည်ကားနဲ့ပြန်မှာ။ နောက်မှ အေးဆေးလာလည်တာပေါ့ ​မေရီရယ်။
အခုက​တော့ လက်မှတ်လည်း
ဖြတ်ပြီးသွားပြီဆို​တော့။"

မမကြည်ပြာသက်ဝေ (completed )Donde viven las historias. Descúbrelo ahora