10

3.6K 179 24
                                        

[Zawgyi]

❝ချစ်​သောအခါ..
စိတ်ဆိုး​နေသည့် အမူအယာ​လေးသည်လည်း
နှစ်သက်ဖွယ်ရာ။ အားငယ်တတ်သည့်
ပုံရိပ်​လေးသည်လည်းပဲ ​ထွေး​ပွေ့​​ပေးချင်စရာ။  မမကြည်ပြာသက်​ဝေ၏ အရာရာတိုင်းသည်
ချစ်လို့မဝနိုင်​စရာ။❞

❀❀❀

၂၀၁၄ခုနှစ်၊ ဇူလိုင်လ...

“ကောင်းကောင်းက သူ့ယူမဲ့
မိန်းမလေးနဲ့ကျ​တော့လည်း စကား​တွေ​ပြောလိုက်တာ ​ဖောင်ကိုဖွဲ့​ရောပါလား​ဟေ။ အနားကကို မခွာ​တော့ဘူး။ ငယ်ငယ်က တော်တော်နဲ့ စကားမပြောလို့
ကြက်ဖင်ဆီပူးတွေ ကျွေးခဲ့ရတာ သူမဟုတ်သလိုပဲ။”

“ဟာဗျာ။ ဒေါ်လေးကလည်း။”

သူ့အဒေါ်က ​ဘေးမှာလာထိုင်ပြီး စနေတော့ မင်းကောင်းအောင်က ရှက်ရယ်ရယ်သည်။
ကြည်ဝေလည်း ပိုရှက်ရပါ၏။ ကြည်ဝေနဲ့သူ
တွဲနေတာကို တစ်လောကလုံးကိုပတ်ပြီး
ပြောပြထားသလား ထင်ရသည်။
သူတို့အိမ်တက်ပွဲလာသည့် သူတိုင်းနီးပါးက
ကြည်ဝေ့ကို သူ့ရည်းစားမှန်း သိနေကြပြီ။
ကြည်ဝေ့မှာ မျက်နှာလည်းပူ၊ ရင်လည်းတုန်နေမိ၏။

မင်းကောင်းအောင်နှင့် ချစ်သူတွေဖြစ်တာ
သုံးနှစ်ကျော်၊ လေးနှစ်ထဲ ​ရောက်တဲ့အချိန်အထိ
ကြည်ဝေ မင်းကောင်းအောင်တို့အိမ်ကို တစ်ခါမှ
မရောက်ခဲ့ဖူး​ချေ။ သူတို့အိမ်​သစ်ပြင်ဆောက်ပြီး​နောက် အိမ်သစ်တက်ပွဲ​လုပ်သည့် ဒီ​နေ့ကျမှသာ ကြည်​ဝေ
သူငယ်ချင်းနှစ်​ယောက်နှင့်အတူ လာဖြစ်တော့တာ။
ဒါတောင် အန်တီညိုကိုယ်တိုင် လာဖိတ်လို့ မဟုတ်ရင် ကြည်ဝေ လာရဲမှာမဟုတ်။

မင်းကောင်းအောင်တို့ရဲ့အိမ်က ရိုးရိုးရှင်းရှင်း နှစ်ထပ်တိုက်ပဲဆိုပေမဲ့ သူတို့မိသားစု၏
ကြွယ်ဝမှုကို အထင်းသား မြင်နိုင်သည်။ ပိုးအိတို့အိမ်နှင့်တောင် သိပ်မတူ။
အိမ်အတွင်းရှိ ပရိဘောဂ၊ အသုံးအဆောင်တွေကလည်း ကြည်ဝေ့အတွက် အဆင့်မြင့်၊သားနားလွန်းနေ၏။

ရပ်​ဝေးက​နေ လာ​ရောက်ကြသည့်
သူတို့ရဲ့ ဆွေမျိုးသားချင်း အသိုင်းအဝန်းကို မြင်ရတာကလည်း ​ငွေ​ကြေးပြည့်စုံသည့်
ပညာတတ်​တွေချည်း။ ဧည့်ခန်းမှာ
တန်းစီချိတ်ထားသည့် ဘွဲ့ဓာတ်ပုံ​တွေထဲတွင်
အဖွားရဲ့ဘွဲ့ဓာတ်ပုံ​တောင် ပါ​သေးသည်။
ကြည်​ဝေ အားကျစိတ်တို့ ဖြစ်မိပါသည်။
တပြိုင်တည်းမှာပဲ အားငယ်စိုးရွံ့စိတ်ကိုလည်း
ခံစားခဲ့ရပါ၏။

မမကြည်ပြာသက်ဝေ (completed )Место, где живут истории. Откройте их для себя