[Zawgyi]
❝ပွင့်လင်းသော မမကြည်ပြာသက်ဝေအား ကြည်နူးစိတ်ဖြင့် နှစ်သက်ချစ်ခင်ရပြီး မြိုသိပ်ဖုံးကွယ်တတ်သည့် မမကြည်ပြာသက်ဝေကိုတော့ သနားစိတ်ဖြင့် မြတ်နိုးချစ်ခင်ခဲ့မိပါသည်။❞
❀❀❀
တစ်ပွေ့တစ်ပိုက်ကြီး အပုံလိုက်ခူးလာသည့်
ပိတောက်ကိုင်းများအား မင်းကောင်းအောင်က
ချိုးသင့်သည့် အခက်အလက်များကိုချိုး၊ ဖယ်တန်သော
အရွက်များကို ဖယ်နေသည်။ ကြည်ဝေကတော့
ဘာမှမပြော၊ ဘာမှမကူပဲ ဘေးကနေသာ သူ့ကို
မျက်မှောင်ကုတ်ပြီး ကြည့်နေမိသည်။
ကြည့်ရင်းနဲ့လည်း တွေးမိ၏။ မင်းကောင်းအောင်က သာမန်လူရော ဖြစ်နိုင်ရဲ့လား။ ထိုသို့တွေးမိတော့
ကြည်ဝေ တကယ်လန့်လာသည်။
မလန့်မှ ထူးဆန်းနေဦးမည်။ အတူတူရှိနေရင်းနဲ့မှ တဖြည်းဖြည်းချင်း သိလာရတာက
မင်းကောင်းအောင်ဆိုတဲ့ သူမရဲ့ရည်းစားလေးက တကယ့်အတတ်ပွေးလေး။ သူမသိတာ၊
မတတ်တာကိုမရှိ။
သူတတ်ထားတဲ့ ကောင်းတဲ့ပညာတွေကိုတော့
လူအများ သိထားပြီးသားဖြစ်သည်။ စာတော်သည်။
အားကစားတွင် ထူးချွန်သည်။ လိမ္မာရေးခြားရှိသည်။ လူကြီးမိဘများနှင့် ပေါင်းသင်းဆက်ဆံရေး
အဆင်ပြေကောင်းမွန်သည်။
အိမ်မှုဝေယျာကိစ္စများကိုလည်း နိုင်နင်းသည်။
သံရိုက်၊ ခြံခတ်၊ ဆေးသုတ်၊ လျှပ်စစ်ပိုင်းဆိုင်ရာ
အသေးစားပြင်ဆင်မှု၊ အပင်စိုက်စသည့် ဗာဟီရအလုပ်များကိုလည်း လုပ်နိုင်သည်။
ပန်းချီဆွဲတာ၊ ဂစ်တာတီး၊ သီချင်းဆိုတာလိုမျိုး
အနုပညာ ဘာသာရပ်တွေနဲ့လည်း မစိမ်း။
ငွေကြေးအသုံးအစွဲတွင်လည်း စည်းစနစ်ကျသည်။
ဒါပေမဲ့ လူတွေ အလွယ်တကူ မသိနိုင်တာက မင်းကောင်းအောင်သည် ဖဲလည်းရိုက်တတ်သည်။
ဆီးချုပ်၊ဝမ်းချုပ်ခံပြီးတော့ကို ဂိမ်းဆိုင်မှာ
ပျော်မွေ့တတ်သည်။ သူ့သူငယ်ချင်းများကို မျက်ရည်ပေါက်ကြီးငယ် ကျလောက်တဲ့အထိ စနောက်တတ်သည်။ ငယ်ငယ်ကဆိုလျှင်
ငါးဖမ်း၊ ငှက်ပစ်မှာလည်း ဆရာတစ်ဆူဆိုပဲ။
ပြည်ကိုရောက်လာပြီး နောက်ပိုင်းမှသာ
အဲ့ဒီအကျင့်တွေက တဖြည်းဖြည်းချင်း
ပျောက်သွားတာဟု အန်တီညိုက ကြည်ဝေ့ကို ပြောပြဖူးသည်။
KAMU SEDANG MEMBACA
မမကြည်ပြာသက်ဝေ (completed )
Romansa(Both Zawgyi and Unicode) ❝ အစဥ်အမြဲအတွက်... ကိုယ့်ရဲ့ အချစ်မြတ်နိုးရဆုံးသော မမကြည်ပြာသက်ဝေ ❞
