[Zawgyi]
❝အချစ်သည် အေးမြချိုမြိန်ကြောင်းကို မမကြည်ပြာသက်ဝေကြောင့်သာလျှင် နားလည်ခံစားတတ်ခဲ့ရပြီး
အပြင်းပျဆုံး ပူလောင်နာကျင်စေတတ်သည့်
ဂုဏ်သတ္တိရှိကြောင်းကိုလည်း
မမကြည်ပြာသက်ဝေကြောင့်ပဲ
သိရှိခံစားခဲ့ရပါသည်။❞
❀❀❀
၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ...
မင်းကောင်းအောင် ဘွဲ့ယူပြီးနောက်တွင်
ကြည်ဝေ ရန်ကုန်သို့ အလုပ်လုပ်ရန်
ရောက်လာခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍
ကြည်ဝေတို့နှစ်ယောက် တော်တော်လေး
စကားပြောလိုက်ရသေး၏။
မင်းကောင်းအောင်က ကြည်ဝေ့ကို
သိပ်ပြီးတော့ မသွားစေချင်။ ချော့ပြီးတားသည်။
စိတ်ကောက်ပြီးတားသည်။ တစ်နေ့ပြီးတစ်နေ့
ဇွဲကောင်းကောင်းနဲ့ကို မသွားဖို့အတွက်
ပြောနေခဲ့တာဖြစ်၏။ သို့ပေမဲ့ နောက်ဆုံးကျတော့လည်း သူ့ဆန္ဒကို သူပြန်ရုတ်သိမ်းခဲ့သည်။
ကြည်ဝေနဲ့ ရန်ကုန်မှာ ကျောင်းတက်နေသည့် ကြည်ဝေ့ရဲ့မောင် အငယ်ဆုံးလေးကို သူ့လိုက်ထရပ်ကားလေးနဲ့ သူကိုယ်တိုင်
ရန်ကုန်ကိုလိုက်ပို့ပြီး ကြည်ဝေ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါသည်။
ရန်ကုန်ကိုရောက်ပြီး နှစ်ပတ်အကြာမှာပင်
ကြည်ဝေ အလုပ်ရခဲ့သည်။
စရောက်ချင်းတုန်းကတော့
အခန်းဖော်နှစ်ယောက်နှင့်အတူ တိုက်ခန်းလေး
ငှါးနေခဲ့၏။ အခုတော့ အလတ်ကောင်ကလည်း အိမ်ထောင်ကျ၊ ဖေဖေကလည်း လိုက်လာဆိုတော့ မိသားစုနှင့် အတူနေသည်။
ကြည်ဝေက ရန်ကုန်ကိုရောက်လာခဲ့သည်
ဆိုပေမဲ့လို့ မင်းကောင်းအောင်နှင့်ကတော့
ဝေးမသွားခဲ့ပါ။ နေ့တိုင်း အချိန်မှန်ဖုန်းဆက်သည်။
ညတိုင်း ဗွီဒီယိုကောလ်ပြောရသည်။ ထို့အပြင်
တစ်ပတ်၊ဆယ်ရက်ကို တစ်ခါလောက်
ပုံမှန်ဆိုသလို သူက လာတွေ့တတ်သည်။
ကြည်ဝေနှင့် တွေ့နိုင်မည့်
အကြောင်းအရာအမျိုးမျိုးကို
သူပဲ ရှာနိုင်လွန်းပါသည်။ ကြည်ဝေ
ရန်ကုန်ကိုရောက်တော့မှ သူ့မှာလည်း
ရန်ကုန်ကိုလာဖို့ ကိစ္စတွေက အရင်ကထက်
များပြားရှုပ်ထွေးလာ၏။
YOU ARE READING
မမကြည်ပြာသက်ဝေ (completed )
Romance(Both Zawgyi and Unicode) ❝ အစဥ်အမြဲအတွက်... ကိုယ့်ရဲ့ အချစ်မြတ်နိုးရဆုံးသော မမကြည်ပြာသက်ဝေ ❞
