[Zawgyi]
❝ညကောင်းကင်ဝလာရှိ အရောင်စုံကြယ်ပွင့်တို့ထက်
မမကြည်ပြာသက်ဝေ၏ ရွှန်းစိုလဲ့သည့် မျက်ဝန်းတစ်စုံက ပို၍လင်းထင်းကာ တောက်ပကြောင်း...
ထိုညက ရာနှုန်းပြည့် လက်ခံခဲ့ရပါသည်။❞
❀❀❀
တက္ကသိုလ်ဝင်ခွင့်တွေ လျှောက်ကြရတော့မည်ဆိုတော့
ကြည်ဝေတို့ သူငယ်ချင်းသုံးယောက်စလုံး ပြည်နည်းပညာတက္ကသိုလ်ကိုသာ ရွေးဖြစ်ခဲ့ကြသည်။
ကြည်ဝေရဲ့မူလဆန္ဒကတော့ ရန်ကုန်ကိုသွားပြီး နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှာ
ကိုရီးယားမေဂျာ ယူချင်ခဲ့တာဖြစ်သည်။
ဒါပေမဲ့လည်း လူကြီးတွေက တစ်ယောက်တည်းလွှတ်ဖို့ စိတ်မချဖြစ်ကြတာမို့ “ကိုရီးယားကားကြည့်ပြီး
အရူးထသည်၊ ကိုရီယားစာသင်ပြီး
ဘာလုပ်စားမှာလဲ”ဟုပြောကာ ထိုအကြံကို
ဝိုင်းဖျက်ခဲ့ကြ၏။
ပထမတော့ သူတို့ရဲ့မသိနားမလည်မှုအား
ကြည်ဝေ စိတ်ဆိုးမိသည်။ စိတ်ပျက်ခဲ့မိ၏။
ဒါပေမဲ့လည်း အကြီးဆုံးသမီးမို့ ကြည်ဝေကိုယ်တိုင်က
မိဘတွေရဲ့ စီးပွားရေးအခြေအနေကို
ပြန်ငဲ့ကြည့်မိချိန်မှာတော့ တွေဝေလာသည်။
နောက်ပြီး သူငယ်ချင်းအရင်းကြီး နှစ်ယောက်ကလည်း
ဒီမှာပဲတက်ကြမည်ဟု ဆုံးဖြတ်ထားတော့
ကြည်ဝေလည်း အများကြီးစဉ်းစားမနေတော့ဘဲ
ဒီလမ်းကြောင်းကိုသာ ရွေးချယ်လိုက်တော့သည်။
တကယ်ဆို အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်သည့်
အိပ်မက်မျိုး ကြည်ဝေတစ်ခါမှပင် မမက်ခဲ့ဖူးပါ။
ဘယ်တက္ကသိုလ်ကို ရွေးသင့်လဲဆိုပြီး
မင်းကောင်းအောင်နှင့် တိုင်ပင်ခဲ့စဉ်တုန်းကတော့
သူက ကြည်ဝေ စိတ်ပျော်သည့်လမ်းပေါ်
လျှောက်ဖို့သာ တည်ငြိမ်စွာ အကြံပြုခဲ့သည်။
သို့သော်လည်း “ကြည်ဝေ ပြည်မှာပဲ
ဆက်ရှိနေမည်၊ ညနေဘက်တွေဆိုရင်လည်း
ဘော်ဒါမှာ guideဆက်လုပ်နေဦးမည်”လို့
ပြောလိုက်ချိန်မှာတော့ ထိုမောင်မင်းကြီးသားလေးသည်
ဟန်မဆောင်နိုင်စွာပင် ပျော်ရွှင်နေခဲ့၏။
YOU ARE READING
မမကြည်ပြာသက်ဝေ (completed )
Romance(Both Zawgyi and Unicode) ❝ အစဥ်အမြဲအတွက်... ကိုယ့်ရဲ့ အချစ်မြတ်နိုးရဆုံးသော မမကြည်ပြာသက်ဝေ ❞
