12

3.9K 175 22
                                        

[Zawgyi]

၂၀၁၉ခုနှစ်၊ ဇူလိုင်လ...

သီရိက ကျွန်မနှင့် စကားပြောပြီး
မကြာခင်မှာပင် အိပ်မောကျသွားသည်။
ကျွန်မကတော့ အတွေးများစွာနှင့် ကျန်ခဲ့ပါသည်။
တစ်ညလုံး အိပ်ရာထဲမှာ တလူးလူးတလွန့်လွန့် နေရင်းဖြင့်သာ မိုးစင်စင်လင်းသွားခဲ့၏။
တရေးမှပင် အိပ်လို့မရခဲ့ပါချေ။

တကယ်တော့လည်း ဒီလို အိပ်ပျက်ညတွေက
ကျွန်မအတွက် ထူးဆန်းတယ်လို့တောင်
မဆိုသာတော့ပေ။ သူနဲ့ချစ်နေကြသည့် အချိန်ကတည်းကလည်း အလုပ်လုပ်၊
စာကြည့်ရင်းနဲ့ မိုးလင်းပေါက်ခဲ့ရသည့်
ည​တွေအများကြီး ရှိခဲ့ဖူးသည်။ သူကတော့
ညဥ့်နက်တဲ့အထိ မနေဖို့ အမြဲပြောနေခဲ့တာပဲ။
အခုလည်း သူသာသိရင်တော့ ဆူဦးမည်။
မမက ကိုယ့်ကိုယ်ကိုယ်
တအားနှိပ်စက်တာပဲ၊ ဘာညာပေါ့လေ။

သို့ပေမဲ့...
ထိုသို့တွေးမိပြီးတော့မှ ကျွန်မကိုယ်ကျွန်မ
ရှက်သွားရသည်။ ဒီအခြေအနေတွေထိ
ရောက်ပြီးခါကျမှ သူက ကျွန်မကို
စိတ်ပူမယ်ဆိုတာ ဖြစ်ရောဖြစ်နိုင်သေးရဲ့လား။
နာကြည်းမုန်းတီးသည့် စိတ်တို့ဖြင့်
ကျွန်မရဲ့အဖြစ်ကို လှောင်ရယ်သွားမှာလားလို့
စိုးရိမ်မိတော့ ကျွန်မရဲ့နှလုံးသားသည်
နာကျင်ပူလောင်သွားခဲ့ရပါသည်။

-

-

နောက်တစ်နေ့ နေ့လည်မှာတော့ ပိုးအိလည်း
ကျွန်မတို့အိမ်ကို ရောက်လာခဲ့သည်။ သီရိ ခွင့်ရက်ယူလို့ရသည့်အခိုက်မှာ သူတို့နှစ်ယောက်သား အချိန်းအချက်လုပ်ပြီး ကျွန်မရှိရာကို
လာလည်ကြတာဖြစ်၏။ သူငယ်ချင်းတွေ  ခရီးအတူမသွားရတာလည်း နည်းနည်းကြာပြီလေ။

“ပိုးအိ... နင် အိုရောကေရဲ့လား။”

ပိုးအိ ကျွန်မရဲ့အခန်းထဲကိုဝင်လာကာ
သူ့ဦးထုပ်ကို ချွတ်လိုက်ပြီးပြီးချင်း
ကျွန်မမေးမိသည့် မေးခွန်း။

ပိုးအိရဲ့မျက်နှာက ရည်းစားပူမိနေသည့်
ကျွန်မထက်တောင် ပိုပြီးရှုံ့မဲ့နေသေး၏။
ဒါပေမဲ့ ကျွန်မ ပိုးအိကို စာနာအားပေးစကား ​ပြောပေးရမည့်အစား ရယ်သာရယ်ချင်နေသည်။

မမကြည်ပြာသက်ဝေ (completed )Where stories live. Discover now