3

3.7K 196 37
                                        

[Zawgyi]

❝မသေချာ၊ မရေရာမှုများသည်ကား
မနှစ်မြို့စရာဖြစ်သည်မှာ ခြွင်းချက်မရှိ။
သို့သော်လည်း မမကြည်ပြာသက်ဝေနှင့်သာဆိုလျှင်
ရည်းစားမကျ၊ သူငယ်ချင်းမက ဘဝသည်လည်းပဲ
ယစ်မူးစွာ ပျော်ဝင်ပစ်ချင်ဖွယ်။❞

❀❀❀

“ဟားဟားးးး ဟားဟားးးး”

မပြီးနိုင်မစီးနိုင်အောင် အူလှိုက်အသည်းလှိုက်
ရယ်ကြောရှည်နေသည့် သီရိနှင့်ပိုးအိကိုကြည့်ရင်း နှစ်ယောက်စလုံး ရယ်နေရင်း အမောဖောက်ပြီး အသက်ထွက်သွားတော့မလားဟုပင်
ကြည်ဝေ စိုးရိမ်လာရပြီ။

ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်တစ်ယောက်လုံး ရှစ်တန်းကလေးတစ်ယောက်ရှေ့မှာ
အရှက်ဗြန်းဗြန်း ကွဲလာတဲ့ကိစ္စက
သင်းတို့အတွက် အရမ်းဟာသမြောက်နေသလား။

စိတ်တိုနေပြီဆိုတာကို သိသာစေအောင်
ရှုတည်တည် စိုက်ကြည့်ပေးနေလိုက်တော့မှ
မယ်မင်းကြီးမတွေရဲ့ ရယ်သံက တဖြည်းဖြည်းချင်း တိတ်ကျသွားသည်။ ဒါတောင် မျက်နှာတွေက
ကျပ်မပြည့်သလိုပုံစံနဲ့ ပြုံးစိပြုံးစိ။

သီရိကတော့ ကြည်ဝေ့အပေါ် အားနာစိတ်
သေးသေးလေး ဝင်သွားပုံရသည်။ သူမကိုယ်သူမ
ရယ်ကြောပြတ်သွားအောင် ချောင်းနှစ်ချက်ဟန့်ကာ တည်တည်ကြည်ကြည်ဟန် အတင်းဖမ်းယူလိုက်ပြီး...

“အဟမ်းး အဟမ်းး။ အဲ့တော့ အခု ငါတို့ကို
နင်က ဘယ်လိုကူညီပေးစေချင်တာလဲ။
နင့်အစား အဲ့ကလေးဆီသွားပြီးတော့ သူ့ပုဆိုးကို
ပြန်​ပေး​ပေးရမှာလား။”

ကြည်ဝေ သီရိအား တုံးအရန်ကောဟု
ပြောချင်နေသည့် အကြည့်မျိုးဖြင့် မျက်လုံးစွေကာ ကြည့်လိုက်မိ၏။

“ဟဲ့။ အဲ့ပုဆိုးကြီးကိုတော့ ဒီအတိုင်းပြန်ပေးလို့ သင့်တော်တော့မလား။ သူ့ဟာဆို​ပေမယ့်
ငါဝတ်ပြီးသားကြီး ဖြစ်သွားပြီလေ။
သူဘုန်းနိမ့်မှာပေါ့။”

“အေးနော်.. အဲ့လိုကျ ဘယ်ကောင်းမလဲ။”

“အင်း။”

မမကြည်ပြာသက်ဝေ (completed )Donde viven las historias. Descúbrelo ahora